Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 15:19

Common Language Bible

ယာ​ကုပ်​က​ဆက်​လက်​၍ ``ထို့​ကြောင့်​ဘု​ရား သ​ခင်​ထံ​ပြောင်း​လဲ​လာ​ကြ​သူ လူ​မျိုး​ခြား တို့​အ​ခက်​ကြုံ​စေ​ရန်​ငါ​တို့​မ​ပြု​သင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော အ​ကျင့်​များ​ကို​စွန့်​လွှတ်​၍၊ မိ​မိ​တို့​၏​စိတ်​နေ​သ​ဘော​ထား​များ​ကို​လည်း ပြောင်း​လဲ​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လှည့်​ကြ​ရာ​၏။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တတ်​၍​လျင်​မြန်​စွာ အ​ပြစ်​လွှတ်​တော်​မူ​တတ်​၏။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍ ကိုယ် တော်​ထံ​ဤ​ဆု​တောင်း​ပတ္ထ​နာ​ကို​ဆက်​သ လျှောက်​ထား​လော့``အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ ကို​လွှတ်​၍၊ ကျေး​ဇူး​တော်​အား​ဖြင့်​အ​ကျွန်ုပ် တို့​အား​လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ပြု ထား​သော​က​တိ​အ​တိုင်း ကိုယ်​တော်​၏​ဂုဏ် တော်​ကို​ချီး​မွမ်း​ပါ​မည်။-

သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘု​ရား သ​ခင်​ကို​သွေး​စမ်း​လို​ကြ​သ​နည်း။ ငါ​တို့​ဘိုး ဘေး​များ​သော်​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​တိုင် ပင်​သော်​လည်း​ကောင်း၊ မ​ထမ်း​နိုင်​သည့်​ဝန်​ကို အ​ဘယ်​ကြောင့်​ထို​သူ​တို့​အား​ထမ်း​စေ​ကြ ပါ​သ​နည်း။-

ကျွန်ုပ်​တို့​အ​ထဲ​မှ​လူ​အ​ချို့​သည်​ကျွန်ုပ်​တို့​၏ ညွှန်​ကြား​ချက်​မ​ရ​ဘဲ သင်​တို့​ထံ​သို့​သွား​၍ စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​သည့်​စ​ကား​များ ကို​ပြော​ဆို​ကာ သင်​တို့​အား​ဒုက္ခ​ပေး​ခဲ့​ကြ ကြောင်း​သိ​ရ​ပါ​သည်။-

ရုပ်​တု​များ​အား​ပူ​ဇော်​ထား​သည့်​အ​စား အ​စာ​ကို​မ​စား​နှင့်။ သွေး​ကို​လည်း​မ​စား​နှင့်။-

`သင်​သည်​လူ​မျိုး​ခြား​တို့​အ​ထဲ​တွင်​နေ​ထိုင် ကြ​သော​ယု​ဒ​အ​မျိုး​သား​များ​အား သင်​တို့ ၏​က​လေး​များ​ကို​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ပေး​ကြ​နှင့်။ သင်​တို့​သည်​ယု​ဒ​ထုံး​တမ်း စဉ်​လာ​များ​ကို​မ​လိုက်​နာ​ကြ​နှင့်' ဟု​ဆို​ကာ မော​ရှေ​၏​တ​ရား​ကို​စွန့်​ပယ်​စေ​ရန်​သွန်​သင် လျက်​ရှိ​ကြောင်း​ထို​သူ​တို့​ကြား​သိ​ကြ​၏။-

ယုံ​ကြည်​သူ​လူ​မျိုး​ခြား​တို့​အ​တွက်​မူ​ကား ရုပ်​တု​များ​ကို​ပူ​ဇော်​သည့်​အ​စား​အ​စာ၊ သွေး၊ လည်​ညှစ်​သား​တို့​ကို​မ​စား​ရန်​နှင့်​ကာ​မ​ဂုဏ် လိုက်​စား​မှု​ကို​ရှောင်​ကြဉ်​ရန် ငါ​တို့​စီ​ရင်​ဆုံး ဖြတ်​၍​သူ​တို့​ထံ​သို့​စာ​ရေး​အ​ကြောင်း ကြား​ပြီး​ပါ​ပြီ'' ဟု​ဆို​ကြ​၏။

ဦး​စွာ​ဒ​မာ​သက်​မြို့၊ ထို​နောက်​ယေ​ရု​ရှ​လင်​မြို့ မှ​စ​၍ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​ရှိ​လူ​တို့​အား လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​အား​လည်း​ကောင်း အ​ကျွန်ုပ်​ဟော​ပြော​ပါ​၏။-

သင်​တို့​ထံ​ငါ​တို့​လာ​ရောက်​စဉ်​အ​ခါ​က သင်​တို့​အ​ဘယ်​သို့​ဧည့်​ခံ​ကြို​ဆို​ကြ​ကြောင်း ကို​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား စစ်​ဘု​ရား​မှန်​ကို​ကိုး​ကွယ်​နိုင်​ရန်​နှင့် ကောင်း​ကင် ဘုံ​မှ​ကိုယ်​တော်​၏​သား​တော်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​နိုင်​ရန် ရုပ်​တု​များ​ကို​စွန့်​၍ ဘု​ရား​သခင်​ထံ​တော်​သို့​သင်​တို့​အ​ဘယ်​သို့ ချဉ်း​ကပ်​လာ​ကြ​ကြောင်း​ကို​လည်း​ကောင်း ထို သူ​အ​ပေါင်း​တို့​ပြော​ဆို​၏။ ထို​သား​တော် ယေ​ရှု​ကား​သေ​ခြင်း​မှ​ဘု​ရား​သ​ခင် ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော၊ သက် ရောက်​မည့်​အ​မျက်​တော်​မှ​ငါ​တို့​အား ကယ်​ဆယ်​တော်​မူ​သော​အ​ရှင်​ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ