တမန်တော်ဝတ္ထု 14:21Common Language Bibleပေါလုနှင့်ဗာနဗတို့သည်ဒေရဗေမြို့တွင် သတင်းကောင်းကိုဟောပြောကြေညာသဖြင့် လူအမြောက်အမြားတပည့်တော်များဖြစ် လာကြ၏။ ထိုနောက်လုတ္တရမြို့၊ ဣကောနိ မြို့နှင့်ပိသိဒိပြည်အန္တိအုတ်မြို့သို့ပြန် ကြ၏။- အခန်းကိုကြည့်ပါ။ |
အချင်းလူတို့၊ သင်တို့သည်အဘယ်ကြောင့်ဤ သို့ပြုကြသနည်း။ ငါတို့သည်လည်းသင်တို့ကဲ့ သို့ပင်လူသာမန်များသာဖြစ်ကြ၏။ သင်တို့ သည်ဤသို့အကျိုးမရှိသည့်အမှုအရာများ ကိုစွန့်ပစ်၍ အသက်ရှင်တော်မူသောဘုရား သခင်အားဆည်းကပ်ကြစေရန် ငါတို့သည် သင်တို့အားသတင်းကောင်းကိုကြေညာရန် ရောက်ရှိလာကြ၏။ အသက်ရှင်တော်မူသော ဘုရားသခင်သည်မိုးမြေကိုလည်းကောင်း ပင်လယ်နှင့်အရပ်ခပ်သိမ်းတွင်ရှိလေသမျှ သောအရာတို့ကိုလည်းကောင်းဖန်ဆင်းတော် မူ၏။-
ငါခံရသည့်ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဒုက္ခဆင်းရဲ များကိုသင်သည်တွေ့မြင်ခဲ့ပေသည်။ အန္တိအုတ် မြို့၊ ဣကောနိမြို့နှင့်လုတ္တိရမြို့တို့တွင်ညှဉ်းဆဲ နှိပ်စက်ခြင်းအမျိုးမျိုးတို့ကိုငါခံခဲ့ရကြောင်း သင်သိ၏။ သို့ရာတွင်သခင်ဘုရားသည်ငါ့ အားထိုဒုက္ခအပေါင်းမှကယ်တော်မူခဲ့၏။-