တမန်တော်ဝတ္ထု 14:17Common Language Bibleသို့ရာတွင်ကိုယ်တော်ရှိတော်မူကြောင်းသက် သေခံအထောက်အထားများဖြင့် လူတို့အား အစဉ်ပင်ပြသတော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှမိုးကိုရွာစေလျက်အချိန်တန် လျှင် သီးနှံများကိုဖြစ်ပွားစေတော်မူ၏။ သင် တို့အားအစာအာဟာရကျွေးမွေး၍စိတ် ရွှင်လန်းဝမ်းမြောက်စေတော်မူ၏'' ဟုကြွေး ကြော်လေသည်။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်၏လူမျိုးတော်သည်ခံတပ်မြို့များ၊ မြေသြဇာကောင်းသည့်ပြည်၊ ဘဏ္ဍာအမျိုးမျိုးနှင့်ပြည့်ဝသည့်အိမ်များ အဆင်သင့်တူးထားပြီး ရေတွင်းများသံလွင်ပင်များသစ်သီးပင်များနှင့် စပျစ်ဥယျာဉ်များကိုသိမ်းယူကြရပါ၏။ သူတို့သည်စိတ်ရှိသမျှစားသောက်ကာ ဝဖြိုးလာကြပါ၏။ ကိုယ်တော်ပေးတော်မူသောကောင်းမြတ်သည့် အရာတို့ကိုခံစားကြရပါ၏။
လူမျိုးတကာတို့ကိုးကွယ်သည့်ရုပ်တုများ သည် မိုးကိုမရွာစေနိုင်ပါ။ ကောင်းကင်သည်အလိုအလျောက်မိုးရေ ပေါက်များ ကျလာအောင်မတတ်နိုင်ပါ။ ကိုယ်တော်ရှင်သာလျှင်ဤအမှုများကို ပြုတော်မူသောကြောင့် ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကို မျှော်ကိုးကြပါ၏။
``အို ဇိအုန်မြို့သားတို့ဝမ်းမြောက်ကြလော့။ သင်တို့အားဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုများအတွက်အားရ ရွှင်မြူးကြလော့။ ကိုယ်တော်သည်သင်တို့အားဆောင်းဦးမိုး အလုံအလောက်ချပေးတော်မူလေပြီ။ ဆောင်းနှောင်းမိုးကိုလည်းကောင်းယခင် အခါများမှာကဲ့သို့ နွေဦးမိုးကိုလည်းကောင်း၊သင်တို့အပေါ်သို့ ရွာသွန်းစေတော်မူလေပြီ။
သင်တို့မူကားရန်သူကိုချစ်ကြလော့။ ကျေးဇူး ပြုကြလော့။ တစ်စုံတစ်ရာကိုပြန်လည်ရရှိရန် မမျှော်လင့်ဘဲချေးငှားကြလော့။ ယင်းသို့ပြုပါ မူသင်တို့သည်ကြီးမြတ်သောဆုလာဘ်ကိုရ လျက်အမြင့်မြတ်ဆုံးသောဘုရားရှင်၏သား များဖြစ်ကြလိမ့်မည်။ ထိုအရှင်သည်ကျေးဇူး မသိတတ်သူများ၊ ဆိုးညစ်သူများအား ကျေးဇူးပြုတော်မူ၏။-