တမန်တော်ဝတ္ထု 13:6Common Language Bibleသူတို့သည်ထိုကျွန်းကိုဖြတ်၍ပါဖုမြို့ အထိလျှောက်သွားကြ၏။ ထိုမြို့တွင်ယုဒ အမျိုးသားမိစ္ဆာပရောဖက်ဖြစ်သောမှော် ဆရာတစ်ယောက်ကိုတွေ့ကြ၏။ သူ၏နာမည် မှာဗာယေရှုဖြစ်၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်ထာဝရဘုရားသခင်၏ဗျာဒိတ် တော်ကို ဆင့်ဆိုသူရှိနေသေးပါမူသူ၏ မိဘများသည် သူ့အား`သင်သည်ထာဝရ ဘုရား၏ဗျာဒိတ်တော်ကိုပြန်ကြားပါ သည်ဟုဆိုသော်လည်း မုသားစကားများ ကိုသာလျှင်အသုံးပြုသဖြင့်သေဒဏ် ခံရပေမည်' ဟုဆိုကာထိုသူဟောပြော နေချိန်၌ပင် သူ၏မိဘများသည်သူ့ အားဋ္ဌားနှင့်ထိုး၍သတ်ကြလိမ့်မည်။-
ချစ်ဆွေတို့၊ ဝိညာဉ်တော်ခံယူရရှိသည်ဟု ဆိုသူတိုင်းကိုမယုံကြနှင့်။ သူတို့ခံယူရရှိ သည်ဆိုသောဝိညာဉ်တော်သည် ဘုရားသခင် ၏ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ဟုတ်မဟုတ်စစ်ဆေးကြည့်ရှုကြလော့။ အဘယ် ကြောင့်ဆိုသော်မိစ္ဆာပရောဖက်များသည် နေရာ တကာသို့ရောက်ရှိနေကြသောကြောင့်ဖြစ်၏။-
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-