တမန်တော်ဝတ္ထု 13:46Common Language Bibleပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။- အခန်းကိုကြည့်ပါ။ |
ယခုတွင်နိုင်ငံခြားအမျိုးသားတို့ကိုသင်သည်ဆင့်ခေါ်မည်။ အခါတစ်ပါးကသူတို့သည်သင်တို့ကို မသိကြသော်လည်း၊ ယခုအခါ၌မူသင်တို့ထံသို့ပြေး၍ ဝင်လာကြလိမ့်မည်။ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့် ဘုရားဖြစ်တော်မူသောသင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ဤအမှုအရာအပေါင်းကို ဖြစ်ပျက်စေတော်မူလိမ့်မည်။ ငါသည်သင်တို့အားဂုဏ်အသရေနှင့် ဘုန်းအသရေကိုပေးတော်မူမည်။''
သို့ရာတွင်လူအချို့တို့သည်ခေါင်းမာ၍မယုံ ကြည်သဖြင့် လူအပေါင်းတို့ရှေ့တွင်သခင်ဘုရား ၏လမ်းစဉ်တော်ကိုရှုတ်ချပြောဆိုကြ၏။ သို့ ဖြစ်၍ပေါလုသည်တပည့်တော်တို့ကိုခေါ် ၍ ထိုသူတို့ထံမှထွက်ခွာပြီးလျှင် တုရန္နု ၏စာသင်ခန်းမဆောင်တွင်နေ့စဉ်နေ့တိုင်း ဆွေးနွေးပွဲများကိုကျင်းပ၏။-
သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။ သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သော ငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။ သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။ မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။