ပေတရုသည်တံခါးကိုခေါက်မြဲခေါက်လျက် နေသော် သူတို့သည်တံခါးဖွင့်လိုက်သောအခါ ပေတရုကိုမြင်သဖြင့်အံ့သြကြ၏။-
ပေတရုသည်အိမ်တံခါးကြီးရှိတံခါးငယ် ကိုခေါက်လျှင် ရောဒေနာမည်ရှိသူအစေခံမ ကလေးသည်တံခါးဖွင့်ရန်လာ၏။-
ထိုသူတို့က ``သင်ရူးလေပြီ'' ဟုဆို၏။ သို့ သော်အစေခံမကလေးကမိမိပြောသည့် အတိုင်း အမှန်ပင်ဖြစ်ကြောင်းပြောနေသဖြင့် သူတို့က ``ထိုသူသည်ပေတရု၏ကိုယ်စောင့် ကောင်းကင်တမန်ဖြစ်တန်ရာ၏'' ဟုဆိုကြ၏။
ပေတရုကဆိတ်ဆိတ်နေကြရန်လက်ရိပ်ပြ ပြီးလျှင် မိမိအားသခင်ဘုရားသည်အဘယ် သို့ထောင်ထဲမှထုတ်ဆောင်လာကြောင်းကိုပြော ပြလေ၏။ ထိုနောက် ``ဤအကြောင်းကိုယာကုပ် နှင့်အခြားညီအစ်ကိုတို့အားပြောပြကြပါ'' ဟုမှာကြားပြီးလျှင်အခြားအရပ်သို့ထွက် ခွာသွား၏။