Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 11:13

Common Language Bible

ကော်​နေ​လိ​က​မိ​မိ​၏​အိမ်​တွင်​ကောင်း​ကင် တ​မန်​တစ်​ပါး​ရပ်​လျက်`ယုပ္ပေ​မြို့​သို့​လူ​လွှတ် ၍​ရှိ​မုန်​ပေ​တ​ရု​ဟု​ခေါ်​သော​သူ​ကို​ပင့် ဖိတ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​က ``ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် တပ်​ခွဲ​မှူး​ကော်​နေ​လိ​အား​အ​ရှင့်​ကို​ခေါ်​ဖိတ် ၍ အ​ရှင်​၏​တ​ရား​စ​ကား​ကို​ကြား​နာ​ရန်​ညွှန် ကြား​ခဲ့​ပါ​သည်။ ကော်​နေ​လိ​သည်​လူ​ကောင်း တစ်​ယောက်​ဖြစ်​၍​ဘု​ရား​သခင်​ကို​ကြောက်​ရွံ့ ရို​သေ​သူ​ဖြစ်​ပါ​သည်။ ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​မှု​ကို လည်း​ခံ​ရ​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ကြား​၏။-

ဝိ​ညာဉ်​တော်​က​ထို​သူ​တို့​နှင့်​အ​တူ​မ​ဆိုင်း မ​တွ​လိုက်​သွား​ရန် ငါ့​အား​အ​မိန့်​ရှိ​တော်​မူ​၏။ ယုပ္ပေ​မြို့​မှ​ညီ​အစ်​ကို​ခြောက်​ယောက်​တို့​သည်​လည်း ငါ​နှင့်​အ​တူ​လိုက်​ခဲ့​ကြ​၏။ ငါ​တို့​အား​လုံး ပင်​ကော်​နေ​လိ​၏​အိမ်​သို့​ဝင်​ကြ​၏။-

ထို​သူ​သည်​သင်​နှင့်​အိမ်​သူ​အိမ်​သား​များ​အား ကယ်​တင်​ခြင်း​ရ​ရာ​ရ​ကြောင်း​တရား​စ​ကား များ​ကို​ဟော​ပြော​လိမ့်​မည်' ဟူ​၍​မြွက်​ဆို ကြောင်း​ကို​ငါ​တို့​အား​ပြော​ကြ​၏။-

ပေ​တ​ရု​သည်​ပြန်​၍​သ​တိ​ရ​လာ​သော​အ​ခါ ``သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် ကို​စေ​လွှတ်​၍ ငါ့​ကို​ဟေ​ရုဒ်​၏​လက်​မှ​လည်း ကောင်း၊ ယု​ဒ​အ​မျိုး​သား​တို့​ငါ့​အား​သက်​ရောက် စေ​ရန် မျှော်​လင့်​သ​မျှ​သော​ဘေး​မှ​လည်း​ကောင်း ကယ်​ဆယ်​တော်​မူ​သည်​ကို​ယ​ခု​ငါ​သိ​ပြီ'' ဟု ဆို​၏။

ယုပ္ပေ​မြို့​တွင်​တ​ဗိ​သ​နာ​မည်​ရှိ​သော​တ​ပည့် တော်​မ​တစ်​ဦး​ရှိ​၏။ (သူ​၏​နာ​မည်​မှာ​ဂ​ရိ စ​ကား​အား​ဖြင့်​ဒေါ်​ကာ​ဖြစ်​၍ ``ဒ​ရယ်'' ဟု အ​နက်​ရ​လေ​သည်။) သူ​သည်​ကောင်း​မှု​နှင့် စွန့်​ကြဲ​ပေး​ကမ်း​မှု​ကို​အ​စဉ်​သ​ဖြင့်​ပြု တတ်​၏။-

လုဒ္ဒ​မြို့​သည်​ယုပ္ပေ​မြို့​အ​နီး​တွင်​ရှိ​သ​ဖြင့်​ထို မြို့​တွင်​ပေ​တ​ရု​ရှိ​ကြောင်း တ​ပည့်​တော်​တို့​ကြား သိ​ကြ​သော​အ​ခါ ``အ​ကျွန်ုပ်​တို့​ထံ​သို့​အ​လျင် အ​မြန်​ကြွ​လာ​တော်​မူ​ပါ'' ဟူ​သော​ပန်​ကြား ချက်​ဖြင့်​လူ​နှစ်​ယောက်​ကို​ပေ​တ​ရု​ထံ​သို့​စေ လွှတ်​လိုက်​ကြ​၏။-

ဤ​သ​တင်း​သည်​ယုပ္ပေ​တစ်​မြို့​လုံး​တွင်​ကျော် ကြား​သွား​သ​ဖြင့် လူ​အ​မြောက်​အ​မြား​ပင် သ​ခင်​ဘု​ရား​ကို​သက်​ဝင်​ယုံ​ကြည်​လာ ကြ​၏။-

ပေ​တ​ရု​သည်​ယုပ္ပေ​မြို့​တွင်​ရှိ​မုန်​နာ​မည်​ရှိ​သူ သား​ရေ​နယ်​သ​မား​နှင့်​အ​တူ​ရက်​ပေါင်း​များ စွာ​နေ​ထိုင်​လေ​သည်။

ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ