သူသည်သားရေနယ်သမားရှိမုန်၏အိမ်တွင် တည်းခိုလျက်နေ၏။ ထိုအိမ်ကားပင်လယ်ကမ်း အနီးတွင်ရှိ၏'' ဟုမြွက်ဆို၏။-
ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။-
သို့ဖြစ်၍ယုပ္ပေမြို့သို့လူလွှတ်၍ရှိမုန်ပေတရု ဟုခေါ်သောသူကိုပင့်လော့။ သူသည်ပင်လယ်ကမ်း အနီးရှိသားရေနယ်သမားရှိမုန်၏အိမ်တွင် တည်းခိုလျက်နေ၏' ဟုမြွက်ဆိုပါ၏။-
ထိုကောင်းကင်တမန်ထွက်ခွာသွားသောအခါ ကော်နေလိသည် မိမိ၏အစေခံနှစ်ယောက်နှင့် ဘုရားဝတ်၌မွေ့လျော်သောအပါးတော်မြဲ စစ်သားတစ်ယောက်ကိုခေါ်ကာ၊-
ပေတရုသည်ယုပ္ပေမြို့တွင်ရှိမုန်နာမည်ရှိသူ သားရေနယ်သမားနှင့်အတူရက်ပေါင်းများ စွာနေထိုင်လေသည်။
သို့သော်သင်သည်ထ၍မြို့ထဲသို့ဝင်လော့။ သင်ပြုရမည့်အမှုကိုထိုအရပ်တွင်သိရှိ ရလိမ့်မည်'' ဟုမိန့်တော်မူ၏။