Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 10:44

Common Language Bible

ဤ​သို့​ပေ​တ​ရု​မြွက်​ဆို​နေ​စဉ် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည်​နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​နာ​နေ​ကြ​သော​သူ​အ​ပေါင်း​တို့​အ​ပေါ် သို့​ဆင်း​သက်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

``ဤ​သူ​တို့​သည်​ငါ​တို့​ကဲ့​သို့​ပင်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​များ​ဖြစ် ကြ​၏။ သို့​ဖြစ်​၍​အ​ဘယ်​သူ​သည်​သူ​တို့​ဗတ္တိ ဇံ​မင်္ဂ​လာ​ခံ​ယူ​မှု​ကို​တားမြစ်​နိုင်​သ​နည်း'' ဟု ဆို​၏။-

ထို​နောက်​ငါ​သည်​စ​၍​စ​ကား​ပြော​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​အ​ထက်​က​ငါ တို့​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သည်​နည်း​တူ ထို​သူ​တို့​အ​ပေါ်​သို့​လည်း​သက်​ရောက်​တော် မူ​၏။-

လူ​တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော​ဘု​ရား သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့ အား​ပေး​တော်​မူ​သည့်​နည်း​တူ​လူ​မျိုး​ခြား​တို့ အား​လည်း​ပေး​တော်​မူ​ခြင်း​အား​ဖြင့် သူ​တို့ အား​နှစ်​သက်​လက်​ခံ​တော်​မူ​ကြောင်း​ကို​ပြ တော်​မူ​၏။-

ပေါ​လု​သည်​သူ​တို့​၏​ဦး​ခေါင်း​အ​ပေါ်​မှာ လက်​ကို​တင်​လိုက်​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​သည်​သူ​တို့​၏​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ထူး​ဆန်း​သော​ဘာ သာ​စ​ကား​များ​ကို​ပြော​ကြ​၏။ ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​လည်း​ဟော​ပြော​ကြေ​ညာ ကြ​၏။-

ထို​သို့​ဆု​တောင်း​ကြ​ပြီး​သော​အ​ခါ​၌ သူ​တို့ စု​ဝေး​ရာ​အ​ရပ်​သည်​တုန်​လှုပ်​လေ​၏။ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ လျက် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ရဲ​ရင့် စွာ​ဟော​ပြော​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ