တမန်တော်ဝတ္ထု 10:37Common Language Bibleဗတ္တိဇံတရားကိုယောဟန်ဟောပြောပြီးသည့် နောက် ဂါလိလဲပြည်မှအစပြု၍ ယုဒပြည် တစ်လျှောက်လုံးတွင်ဖြစ်ပျက်ခဲ့သည့်အမှု အရာများအကြောင်းကိုလည်းကောင်း၊- အခန်းကိုကြည့်ပါ။ |
နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။-
``အို ဣသရေလအမျိုးသားတို့၊ ငါ့စကား ကိုနားထောင်ကြလော့။ ဘုရားသခင်သည်ထူး ဆန်းအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များကို နာဇရက်မြို့သားယေရှုအားဖြင့်ပြ တော်မူခဲ့၏။ သို့ဖြစ်၍ထိုအရှင်သည်ဘုရား သခင်၏တန်ခိုးအာဏာတော်နှင့်ပြည့်ဝသူ ဖြစ်ကြောင်းသိသာထင်ရှားပေသည်။ ထိုအဖြစ် အပျက်များမှာသင်တို့ရှေ့မှောက်တွင်ဖြစ်ပျက် ခဲ့သဖြင့် ယင်းတို့ကိုသင်တို့ကိုယ်တိုင်သိရှိ ကြသည်။-
အဂြိပ္ပဘုရင်မင်းမြတ်၊ ထိုအမှုအရာများ အကြောင်းကိုအရှင်သိတော်မူသည်ဖြစ်၍ အကျွန်ုပ်သည်အရှင်၏ရှေ့တော်တွင်ရဲဝံ့စွာ လျှောက်ထားခြင်းဖြစ်ပါသည်။ ထိုအမှုအရာ များသည်ချောင်ကြိုချောင်ကြားတွင်ဖြစ်ပျက် ခဲ့သည်မဟုတ်ပါ။ ယင်းအကြောင်းအရာ အလုံးစုံကိုအရှင်မင်းကြီးသိတော်မူ ပြီးဖြစ်သည်ဟုအကျွန်ုပ်ယုံကြည်ပါ၏။-