တမန်တော်ဝတ္ထု 10:23Common Language Bibleပေတရုသည်ထိုသူတို့အားအိမ်ထဲသို့ ခေါ်ဖိတ်၍ထိုညအိပ်စေ၏။ နောက်တစ်နေ့၌သူသည်ထိုသူတို့နှင့်အတူ ထွက်ခွာသွားသောအခါ ယုပ္ပေမြို့မှယုံကြည်သူ ညီအစ်ကိုအချို့တို့လည်းလိုက်ပါသွားကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုကြောင့်အကျွန်ုပ်သည်ချက်ချင်းပင်အရှင် ၏ထံသို့လူလွှတ်ခဲ့ပါသည်။ အရှင်ကြွလာ သည့်အတွက်ကျေးဇူးကြီးလှပါ၏။ ကိုယ်တော် အားဖြင့်ထာဝရဘုရားမိန့်တော်မူသမျှ သောစကားတော်တို့ကိုကြားနာရန် အကျွန်ုပ် တို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်ရှိနေကြပါပြီ'' ဟုပြောဆို၏။
ထိုရောမမြို့ရှိယုံကြည်သူများသည် ကျွန်ုပ် တို့လာသည့်အကြောင်းကိုကြားသိကြသဖြင့် အပ္ပိစျေးသို့တိုင်အောင်လည်းကောင်း၊ တည်းခို ရိပ်သာသုံးဆောင်သို့တိုင်အောင်လည်းကောင်း လာရောက်ကြိုဆိုကြ၏။ ပေါလုသည်ထိုသူ တို့ကိုမြင်သောအခါ ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၍အားတက်လာ၏။