Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 10:19

Common Language Bible

ပေ​တ​ရု​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း ကို​စဉ်း​စား​နေ​စဉ်​ဝိ​ညာဉ်​တော်​က ``လူ​သုံး ယောက်​တို့​သည်​သင့်​ကို​ရှာ​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​ကြောင်း​နှင့်​စပ် လျဉ်း​၍ သမ္မာ​တ​ရား​ကို​ဖွင့်​ပြ​သည့်​ဝိ​ညာဉ် တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ သင်​တို့​အား သမ္မာ​တ​ရား​အ​ကြောင်း​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​လိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည်​ကိုယ့် အ​လို​အ​လျောက်​မိန့်​ကြား​တော်​မူ​မည်​မ​ဟုတ်။ မိ​မိ​ကြား​သိ​ရ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​သင်​တို့​အား​မိန့်​ကြား​တော်​မူ​လိမ့်​မည်။ နောက်​ဖြစ်​လတ္တံ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​လည်း​ဖွင့်​ပြ​တော်​မူ​လိမ့်​မည်။-

ထို​သူ​တို့​က ``ပေ​တ​ရု​ခေါ်​ရှိ​မုန်​သည်​ဤ အိမ်​တွင်​ရှိ​ပါ​၏​လော'' ဟု​အော်​၍​မေး​မြန်း ကြ​၏။

မွန်း​လွဲ​သုံး​နာ​ရီ​ခန့်​အ​ချိန်​၌​ဘု​ရား​သ​ခင် ၏​ကောင်း​ကင်​တ​မန်​သည်​သူ့​ထံ​သို့​လာ​၍ ``ကော် နေ​လိ'' ဟု​ခေါ်​သည်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင် အ​ထင်​အ​ရှား​မြင်​ရ​၏။

ဝိ​ညာဉ်​တော်​က​ထို​သူ​တို့​နှင့်​အ​တူ​မ​ဆိုင်း မ​တွ​လိုက်​သွား​ရန် ငါ့​အား​အ​မိန့်​ရှိ​တော်​မူ​၏။ ယုပ္ပေ​မြို့​မှ​ညီ​အစ်​ကို​ခြောက်​ယောက်​တို့​သည်​လည်း ငါ​နှင့်​အ​တူ​လိုက်​ခဲ့​ကြ​၏။ ငါ​တို့​အား​လုံး ပင်​ကော်​နေ​လိ​၏​အိမ်​သို့​ဝင်​ကြ​၏။-

ထို​သူ​တို့​သည်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​၍ အ​စာ​ရှောင်​လျက်​နေ​ကြ​စဉ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​သူ​တို့​အား ``ရှော​လု နှင့်​ဗာ​န​ဗ​တို့​ကို ငါ​၏​အ​မှု​တော်​ဆောင်​ရန် အ​တွက်​သီး​သန့်​ရွေး​ချယ်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။

အ​တော်​ပင်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​ပြီး သော​အ​ခါ ပေ​တ​ရု​သည်​နေ​ရာ​မှ​ထ​၍ ``ညီ အစ်​ကို​တို့၊ လူ​မျိုး​ခြား​တို့​သည်​သ​တင်း​ကောင်း ကို​ကြား​၍​ယုံ​ကြည်​နိုင်​စေ​ရန် ဘု​ရား​သ​ခင် သည်​လွန်​ခဲ့​သည့်​ကာ​လ​အ​တန်​ကြာ​က သ​တင်း ကောင်း​ကို​ကြေ​ညာ​ရန်​အ​တွက် ငါ့​အား​သင်​တို့ အ​ထဲ​မှ​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။-

ထို​အ​ရပ်​တွင်​ယုံ​ကြည်​သူ​အ​ချို့​တို့​ကို​တွေ့ သ​ဖြင့် ကျွန်ုပ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ခု​နစ် ရက်​မျှ​နေ​ကြ​၏။ ထို​တ​ပည့်​တော်​တို့​သည် ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် ပေါ​လု​အား ယေ​ရု​ရှ​လင်​မြို့​သို့​ဆက်​၍​မ​သွား​ရန်​ပြော ကြား​ကြ​၏။-

ဝိ​ညာဉ်​တော်​သည်​ဖိ​လိပ္ပု​အား``ထို​ရ​ထား အ​နီး​သို့​သွား​လော့'' ဟု​အ​မိန့်​တော်​ရှိ​၏။-

သို့​ရာ​တွင်​ဤ​တန်​ခိုး​စွမ်း​ရည်​အ​ပေါင်း​တို့ ကို​ချ​ပေး​တော်​မူ​သော​အ​ရှင်​ကား​ဝိ​ညာဉ် တော်​တစ်​ပါး​တည်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း​လူ​တစ်​ဦး​စီ​အား ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို​ချ​ပေး​တော် မူ​သ​တည်း။

နောင်​ကာ​လ​၌​လူ​အ​ချို့​တို့​သည်​မု​သား​ပြော ဆို​သည့်​ဝိ​ညာဉ်​များ​၏​စ​ကား​ကို​နာ​ခံ​လျက် နတ်​မိစ္ဆာ​တို့​၏​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ်​ကြ​လိမ့်​မည် ဟု​ဝိ​ညာဉ်​တော်​က အ​တိ​အ​လင်း​ဖော်​ပြ တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ