တမန်တော်ဝတ္ထု 1:17Common Language Bibleယုဒသည်အမှုတော်ဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရသူဖြစ်၍ ငါတို့လူစုတွင် အပါအဝင်ဖြစ်ခဲ့၏။'' အခန်းကိုကြည့်ပါ။ |
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
ဤအမှုခပ်သိမ်းကိုဘုရားသခင်ပြုတော် မူ၏။ ဘုရားသခင်သည်ငါတို့အား မိမိ၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ခရစ်တော်အားဖြင့်ပြောင်းလဲစေတော်မူ ပြီးလျှင် အခြားသူတို့သည်လည်းမိမိ၏ မိတ်ဆွေများဖြစ်လာစေရန်ဆောင်ရွက်သည့် တာဝန်ကိုငါတို့အားပေးအပ်တော်မူ၏။-