ဇေဖနိ 3:3Common Language Bibleထိုပြည်ကိုအုပ်ချုပ်သောအရာရှိတို့သည် ခြင်္သေ့ငယ်များနှင့်တူကြ၏။ တရားစီရင် သူတို့သည်လည်းလောဘရမက်ကြီးလွန်း သဖြင့် နံနက်ချိန်တိုင်အောင်အရိုးတစ်ချောင်း ကိုမျှမစွန့်ပစ်နိုင်သည့်ဝံပုလွေငယ်များ နှင့်တူကြ၏။- အခန်းကိုကြည့်ပါ။ |
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
ဤအကြောင်းကြောင့်တောမှခြင်္သေ့တို့သည်သူတို့ကိုကိုက်သတ်ကြလိမ့်မည်။ သဲကန္တာရမှဝံပုလွေတို့သည်သူတို့အားအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ ကျားသစ်တို့သည်လည်းသူတို့၏မြို့များအနီးတွင် စောင့်ကာမြို့ပြင်သို့ထွက်လာသူမှန်သမျှကိုအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည်အပြစ်များသူများဖြစ်သည့်ပြင် ဘုရားသခင်ကို၊အကြိမ်ကြိမ်အဖန်ဖန်ကျောခိုင်းခဲ့ကြသောကြောင့်ဖြစ်၏။
``သူတို့၏မြင်းများသည်ကျားသစ်ထက်လျင်မြန်၍ အစာဆာလောင်နေသောဝံပုလွေထက်ပင်ကြောက်မက်ဖွယ်ကောင်း၏။ မြင်းစီးသူရဲတို့သည်မြင်းများကို ရပ်ဝေးမှအပြင်းနှင်၍လာကြ၏။ သူတို့၏မြင်းများသည်မြေကိုခွာဖြင့်ရှပ်ကြ၏။ သူတို့သည်အစာကိုချီသုတ်မည့်လင်းယုန်ငှက်ကဲ့သို့တစ်ရှိန်ထိုးမောင်းနှင်လာလေသည်။