Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇေဖနိ 3:18

Common Language Bible

``ပွဲ​လမ်း​သ​ဘင်​၌​ပျော်​ရွှင်​သော​သူ​များ ကဲ့​သို့ ရွှင်​မြူး​တော်​မူ​လိမ့်​မည်'' ထာ​ဝ​ရ​ဘု​ရား​က ``ဝမ်း​နည်း​ရ​မှု​ကို​ရပ်​စဲ​၍၊- သင်​၏​အ​သ​ရေ​ပျက်​မှု​ကို​သင်​၏​ဝန်​ထုပ် အ​ဖြစ်​မှ ဖယ်​ရှား​လိုက်​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​၏​အ​လင်း​တော်​နှင့် သစ္စာ​တ​ရား​တော်​ကို​စေ​လွှတ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ဇိ​အုန်​တောင် သို့​လည်း​ကောင်း၊ ကိုယ်​တော်​ကိန်း​ဝပ်​ရာ​ဗိ​မာန်​တော်​သို့​လည်း​ကောင်း ပြန်​၍​ပို့​ဆောင်​စေ​တော်​မူ​ပါ။

ပတ်​လည်​ရှိ​တိုင်း​နိုင်​ငံ​တို့​သည်​ကျွန်​တော်​မျိုး တို့​အား ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ကဲ့​ရဲ့​ပြောင်​လှောင်​ကြ​ပါ​၏။

``ငါ​သည်​ငါ​၏​လူ​မျိုး​တော်​အား​ကွဲ​လွင့်​စေ ခဲ့​သည့်​တိုင်း​ပြည်​များ​မှ​သိမ်း​၍ သူ​တို့​၏ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့​သည် သား​သ​မီး​များ​စွာ​ထွန်း​ကား​လျက်​လူ ဦး​ရေ​တိုး​ကြ​လိမ့်​မည်။-

နေ့​ကြီး​ရက်​ကြီး​များ​တွင်​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော်​သို့​လာ​မည့်​သူ​မ​ရှိ။ ဗိ​မာန်​တော်​တွင်​သီ​ချင်း​ဆို​သူ အ​မျိုး​သ​မီး​ပျို​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ရှိ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ညည်း​တွား​မှု​မှ တစ်​ပါး အ​ဘယ်​သို့​မျှ​မ​ပြု​နိုင်။ မြို့​တံ​ခါး​များ​သည်​လူ​ဆိတ်​ညံ​လျက်​နေ​၏။ ဇိ​အုန်​မြို့​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရ​သည်။

အ​ထီး​ကျန်​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သည်​ရှေး​ခေတ်​ဟောင်း​က​မိ​မိ ကြီး​ကျယ်​ခမ်း​နား​မှု​ကို​ပြန်​လည်​သ​တိ​ရ​မိ​၏။ ရန်​သူ့​လက်​သို့​ရောက်​ချိန်​၌​သူ့​အား​ကယ်​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ့​အား​နှိမ်​နင်း​အောင်​မြင်​သူ​တို့​သည် သူ​၏​ပြို​လဲ​မှု​ကို​ပြက်​ရယ်​ပြု​ကြ​၏။

နိုင်​ငံ​ရပ်​ခြား​များ​မှ စု​သိမ်း​ပြီး​လျှင်​သူ တို့​အား မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​လည် ခေါ်​ခဲ့​မည်။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ တောင်​များ​နှင့်​မြစ်​ချောင်း​များ​သို့​ပို့​ဆောင် ၍​သာ​ယာ​သော​စား​ကျက်​များ​၌​ကျွေး မွေး​မည်။-

ငါ​သည်​သင်​တို့​အား​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​မှ​စု​သိမ်း​ကာ သင်​တို့​နေ​ရင်း​ပြည်​သို့ ပြန်​ခေါ်​ခဲ့​မည်။-

``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​လျှောက်​လုံး တွင်​လှည့်​လည်​ကာ ယ​ခု​လူ​တို့​ပြု​ကျင့်​လျက် ရှိ​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့် ညည်း​တွား​မြည်​တမ်း​နေ​သူ​မှန်​သ​မျှ​၏ န​ဖူး​တွင် အ​မှတ်​သ​ညာ​ကို​ရေး​မှတ်​လော့'' ဟု​မိန့်​တော်​မူ​၏။

ယု​ဒ​ပြည်​သား​တို့​နှင့်​ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ပြန်​လည်​ပေါင်း​စည်း​ကြ​လိမ့် မည်။ သူ​တို့​သည်​သူ​တို့​အ​တွက်​ခေါင်း​ဆောင် တစ်​ဦး​ကို​ရွေး​ကောက်​တင်​မြှောက်​ကြ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​နိုင်​ငံ​တွင်​ကြီး​ပွား တိုး​တက်​လာ​ကြ​လိမ့်​မည်။ ယေ​ဇ​ရေ​လ​နေ့ သည်​နေ့​ကြီး​ရက်​ကြီး​ဖြစ်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရန်​သတ်​မှတ်​ထား​သည့်​ပွဲ​တော်​နေ့ ကြီး​များ​ကျ​ရောက်​သည့်​အ​ခါ​မည်​ကဲ့​သို့ ဆင်​ယင်​ကျင်း​ပ​ကြ​မည်​နည်း။-

ကွဲ​လွင့်​နေ​သူ​သင်​တို့​၏​အ​မျိုး​သား​များ အား မိ​မိ​တို့​ပြည်​သို့​ငါ​ခေါ်​ဆောင်​လာ​မည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ငါ​သည်​သင်​တို့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင် ထင်​ပေါ်​ကျော်​ကြား​စေ​မည်။ သင်​တို့​ကို​တစ်​ဖန်​ပြန်​လည်​ကောင်း​စား စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​ဇေ​ဖ​နိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ