ဇေဖနိ 2:8Common Language Bibleအနန္တတန်ခိုးရှင်ထာဝရဘုရား က ``မောဘပြည်သားများနှင့်အမ္မုန်ပြည် သားများသည်ငါ၏လူမျိုးတော်ကိုစော် ကားရန်စကြသည်ကိုလည်းကောင်း၊ သူ တို့၏ပြည်ကိုဝင်ရောက်သိမ်းယူရန်ကြွား ဝါလျက်နေသည်ကိုလည်းကောင်းငါ ကြားသိတော်မူလေပြီ။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အား ငါအမွေပေးအပ်ခဲ့သည့် ပြည်တော်ကိုပျက်စီးယိုယွင်းစေသော ဣသရေလ ပြည်၏အိမ်နီးချင်းနိုင်ငံတို့နှင့်ပတ်သက်၍ငါ ပြောစရာရှိ၏။ ငါသည်ထိုသူယုတ်မာတို့အား အမြစ်ပြုတ်သည့်အပင်ငယ်ကဲ့သို့သူတို့ပြည် မှဆွဲထုတ်မည်။ ယုဒပြည်ကိုသူတို့လက်မှ ဆွဲထုတ်ကယ်ဆယ်မည်။-
မောဘပြည်ကိုရည်မှတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူသည်ကားဤသို့ တည်း။ ``နေဗောမြို့သူမြို့သားတို့အားကရုဏာ သက်ကြလော့။ သူတို့၏မြို့သည်ပျက်စီး၍သွားလေပြီ။ ကိရယသိမ်မြို့သည်ဖမ်းဆီးသိမ်းယူခြင်း ကိုခံ၍၊ ထိုမြို့၏ခံတပ်များသည်ဖြိုပျက်လျက် မြို့သူမြို့သားတို့သည်လည်းအရှက်ကွဲရ ကြ၏။
ထာဝရဘုရားသည်အမ္မုန်ပြည်သားတို့ ကိုရည်မှတ်၍မိန့်တော်မူသည်မှာ``ဣသရေလ အမျိုးသားများကားအဘယ်မှာနည်း။ သူ တို့၏ပြည်အတွက်ခုခံကာကွယ်မည့်သူ တစ်စုံတစ်ယောက်မျှမရှိသလော။ သူတို့ သည်အဘယ်ကြောင့်မိလကုံဘုရားကို ဝတ်ပြုကိုးကွယ်သူတို့အား ဂဒ်အနွယ်၏ နယ်မြေကိုသိမ်းယူစေကာထိုအရပ်တွင် နေထိုင်ခွင့်ပြုကြသနည်း။-
``အချင်းလူသား၊ ဗျာဒိတ်တော်ကိုဆင့်ဆို လော့။ ဣသရေလအမျိုးသားတို့အားစော် ကားသည့်အမ္မုန်ပြည်သားတို့အားငါအရှင် ထာဝရဘုရားအဘယ်သို့မိန့်တော်မူ ကြောင်းကိုကြေညာလော့။'' ``ဖျက်ဆီးသုတ်သင်ရန်ဋ္ဌားတော်ကို အသင့်ထားလေပြီ။ ဋ္ဌားကိုအသင့်ထားလေပြီ။ သတ်ဖြတ်ရန်ထိုဋ္ဌားတော်ကိုတိုက်ချွတ်ထား၏။ လျှပ်ပြက်သကဲ့သို့ပြောင်လက်အောင် တိုက်ချွတ်ထား၏'' ဟုသူတို့အားဆင့်ဆိုလော့။