ပင်လယ်အနီးရှိ သင်တို့၏ပြည်သည်သိုး များကျက်စားရာကွင်းပြင်ဖြစ်၍နေ လိမ့်မည်။-
ရှုရိမြို့များသည်လည်းထာဝစဉ်လူသူ ဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။ ထိုမြို့တို့သည်သိုး များနှင့်ကျွဲနွားများ၏စားကျက်ဖြစ်လိမ့် မည်။ ထိုတိရစ္ဆာန်တို့အားမောင်းထုတ်မည့်သူ ရှိလိမ့်မည်မဟုတ်။-
ပျက်စီးယိုယွင်းနေသောမြို့များတွင်သိုးငယ် တို့သည်မြက်များကိုစားလျက်၊ ဆိတ်ငယ်တို့ သည်လည်းစားကျက်များကိုတွေ့ရှိကြလိမ့် မည်။
အခါတစ်ပါးကသီးနှံပင်များစိုက်ပျိုးခဲ့ သည့်တောင်ကုန်းမှန်သမျှသည် ဆူးခြုံအမျိုး မျိုးနှင့်ပြည့်နှက်နေသဖြင့် ထိုနေရာများသို့ အဘယ်သူမျှသွားကြလိမ့်မည်မဟုတ်။ နွား များသိုးများကျက်စားရာသာလျှင်ဖြစ် လိမ့်မည် '' ဟုဆို၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``လူနှင့် တိရစ္ဆာန်ကင်းမဲ့၍သဲကန္တာရနှင့်တူသော ဤ ပြည်တွင်သိုးကျောင်းသားတို့သိုးများကို ထိန်းကျောင်းရာစားကျက်များရှိလာလိမ့် ဦးမည်။-
ရဗ္ဗာမြို့ကိုကုလားအုတ်တင်းကုတ်၊ အမ္မုန် ပြည်တစ်ခုလုံးကိုသိုးစားကျက်ဖြစ်စေ မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုသင်တို့သိရှိကြလိမ့်မည်။''