ဇေဖနိ 2:10Common Language Bibleဤသို့လျှင်မောဘပြည်သားများနှင့်အမ္မုန် ပြည်သားများသည်မိမိတို့၏မာနကြီး မှု၊ မောက်မာထောင်လွှားမှုနှင့်အနန္တတန်ခိုး ရှင်ထာဝရဘုရား၏လူတို့ကိုစော်ကား မှုတို့ကြောင့်အပြစ်ဒဏ်ခံရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အား ငါအမွေပေးအပ်ခဲ့သည့် ပြည်တော်ကိုပျက်စီးယိုယွင်းစေသော ဣသရေလ ပြည်၏အိမ်နီးချင်းနိုင်ငံတို့နှင့်ပတ်သက်၍ငါ ပြောစရာရှိ၏။ ငါသည်ထိုသူယုတ်မာတို့အား အမြစ်ပြုတ်သည့်အပင်ငယ်ကဲ့သို့သူတို့ပြည် မှဆွဲထုတ်မည်။ ယုဒပြည်ကိုသူတို့လက်မှ ဆွဲထုတ်ကယ်ဆယ်မည်။-
သူ၏ညစ်ညမ်းမှုကိုအလွယ်တကူ တွေ့မြင်နိုင်သော်လည်း သူသည်မိမိကြုံတွေ့ရမည့်ကံကြမ္မာကို အမှုထားပုံမပေါ်။ သူ၏ပြိုလဲမှုမှာကြောက်မက်ဖွယ်ကောင်း လှ၏။ သူ့အားအဘယ်သူမျှလည်းနှစ်သိမ့်မှု မပေးနိုင်ကြ။ ရန်သူများအနိုင်ရ၍သွားသဖြင့်သူသည် မိမိအား ကရုဏာထားတော်မူပါရန်ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုလေသည်။
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-