ဇေဖနိ 1:11Common Language Bibleမြို့အနိမ့်ပိုင်းတွင်နေထိုင်သူတို့ငိုကြွေး ကြလော့။ ကုန်သည်ကြီးများသည်သေဆုံး ကြတော့မည်။ အခန်းကိုကြည့်ပါ။ |
အို ဖိလိတ္တိလူတို့၊ ပင်လယ်ကမ်းခြေတွင်နေ ထိုင်သူခေရသိအမျိုးသားတို့၊ သင်တို့ သည်အမင်္ဂလာရှိကြ၏။ ထာဝရဘုရား သည်သင်တို့အားအပြစ်ဒဏ်စီရင်ချမှတ် တော်မူလေပြီ။ ကိုယ်တော်သည်သင်တို့ကို သုတ်သင်ဖျက်ဆီးတော်မူမည်ဖြစ်၍ သင် တို့တစ်ဦးတစ်ယောက်မျှကျန်ရှိရလိမ့် မည်မဟုတ်။-
ယေရုရှလင်မြို့နှင့်ယုဒပြည်တစ်ပြည် လုံးတွင်ရှိသမျှသောအိုးတို့ကိုလည်း သန့်ရှင်းမြင့်မြတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားအားဝတ်ပြုကိုးကွယ် မှုတွင်အသုံးပြုရန်အတွက် သီးသန့်ထား ရှိကြလိမ့်မည်။ ထိုနေ့ရက်ကာလကျ ရောက်လာသောအခါ အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဗိမာန်တော်တွင် အဘယ် သို့သောရောင်းဝယ်သူတစ်ဦးတစ်ယောက် မျှရှိတော့မည်မဟုတ်။ ပရောဖက်ဇာခရိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။