Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇာ​ခ​ရိ 9:4

Common Language Bible

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​၏ စည်း​စိမ်​ဥစ္စာ​မှန်​သ​မျှ​ကို​သိမ်း​ယူ​တော် မူ​၍ ပင်​လယ်​ထဲ​သို့​ပစ်​ချ​တော်​မူ​လိမ့်​မည်။ ထို​မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​၍​သွား လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မတရားသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ် ၏။

အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ်​ပေါ်​မှာ လက်​တော်​ကို​ချိန်​ရွယ်​လျက် တိုင်း​နိုင်​ငံ​များ ကို​ပျက်​ပြုန်း​စေ​တော်​မူ​ပြီ။ ဖို​နီး​ရှား​တို့ ၏​ကုန်​သွယ်​ရေး​ဌာ​န​များ​ကို​ဖျက်​ဆီး ပစ်​ရန်​လည်း​အ​မိန့်​ပေး​တော်​မူ​လေ​ပြီ။-

သို့​ဖြစ်​၍​သူ​တို့​သည်​သင့်​အား​ရည်​စူး ကာ​ငို​ခြင်း​သီ​ဆို​သည်​မှာ ထင်​ပေါ်​ကျော်​ဇော​သော​မြို့​သည်​ပျက်​စီး လေ​ပြီ​တ​ကား။ ပင်​လယ်​နား​၌​နေ​သော​မြို့​များ​သည်​ပယ်​ရှင်း ခြင်း​ကို ခံ​ရ​ပြီ​တ​ကား။ ဤ​မြို့​သား​တို့​သည်​ပင်​လယ်​များ​ကို​အ​စိုး​ရ ခဲ့​၏။ ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​တို့​အား​လည်း ကြောက်​လန့်​တုန်​လှုပ်​စေ​ခဲ့​ကြ​၏။

သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​မှု​များ​ပြား သည့်​အ​တွက် အ​ကြမ်း​ဖက်​မှု​နှင့်​အ​ပြစ်​ကူး လွန်​မှု​များ​ကို​ပြု​ကျင့်​လာ​လေ​သည်။ သို့ ဖြစ်​၍​ငါ​သည်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော တောင်​ပေါ်​မှ​သင့်​ကို​ထွက်​စေ​ခဲ့​၏။ အို အ​စောင့် ကောင်း​ကင်​တ​မန်၊ အ​ရောင်​လက်​လျက်​နေ သည့်​ကျောက်​မျက်​ရ​တ​နာ​များ​ရှိ​ရာ​မှ သင့်​ကို​ငါ​နှင်​ထုတ်​ခဲ့​၏။-

သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​ရာ​တွင်​ဆိုး ညစ်​မှု​ကို​ပြု​သ​ဖြင့် သင်​၏​အ​ပြစ်​များ ကြောင့်​သင်​၏​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န များ​ကို​ညစ်​ညမ်း​စေ​၏။ ထို​ကြောင့်​သင့်​ကို ယ​ခု​ကြည့်​ကြ​သူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ သည်​သင်​၏​မြို့​ကို​ပြာ​ပုံ​ဖြစ်​အောင်​မြေ အ​ထိ​လောင်​ကျွမ်း​စေ​၏။ ငါ​တို့​သည်​ပြာ ကို​သာ​လျှင်​မြင်​ရ​ကြ​မည်။-

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​ဘု​ရင် အား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ဆင့်​ဆို​ရ​မည်​မှာ သင်​သည်​မာန် မာ​န​ထောင်​လွှား​လျက်​မိ​မိ​ကိုယ်​ကို​ဘု​ရား ဟူ​၍​ပင်​လယ်​ဝိုင်း​ရံ​၍​နေ​သော​ရာ​ဇ​ပလ္လင် ပေါ်​တွင် ဘု​ရား​ကဲ့​သို့​ထိုင်​လျက်​နေ​ရ​သည် ဟု​ဆို​လေ​သည်။ သင်​သည်​ဘု​ရား​နည်း​တူ ပ​ညာ​ရှိ​သည်​ဟု​ထင်​သော်​လည်း သင်​သည် ဘု​ရား​မ​ဟုတ်။ အ​မှန်​ပင်​မ​ဟုတ်။ လူ​သား မျှ​သာ​ဖြစ်​၏။-

သင့်​ကို​လည်း​တွင်း​ထဲ​သို့​ဆွဲ​ချ​၍ ရေ​သင်္ချိုင်း တွင်​အ​သက်​ဆုံး​ရှုံး​လိမ့်​မည်။-

ငါ​သည်​သင်​တို့​၏​သား​သ​မီး​များ​အား ယု​ဒ​ပြည်​သား​တို့​၏​ငွေ​ဝယ်​ကျွန်​ဖြစ်​စေ မည်။ ယု​ဒ​ပြည်​သား​တို့​သည်​လည်း​သူ​တို့ အား​ဝေး​လံ​သော​ရှေ​ဘ​ပြည်​သို့​ရောင်း​စား ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား ၏​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

ထို့​ကြောင့်​ငါ​သည်​တု​ရု​မြို့​ရိုး​များ​အ​ပေါ် သို့​မီး​မိုး​ရွာ​စေ​ပြီး တု​ရု​ရဲ​တိုက်​များ​ကို ပြာ​ချ​လိုက်​မည်​ဟု​မိန့်​တော်​မူ​၏။

ဤ​အ​မှု​ကို​အာ​ရှ​ကေ​လုန်​မြို့​သည်​မြင်​၍ ကြောက်​လန့်​သွား​လိမ့်​မည်။ ဂါ​ဇ​မြို့​သည် လည်း​မြင်​သ​ဖြင့်​စိတ်​နှ​လုံး​တုန်​လှုပ်​ခြောက် ချား​၍​သွား​လိမ့်​မည်။ ဧ​ကြုန်​မြို့​သည်​လည်း ထို​နည်း​လည်း​ကောင်း​ဖြစ်​၍​သူ​၏​မျှော်​လင့် ချက်​များ​ပျက်​ပြား​၍​သွား​လိမ့်​မည်။ ဂါ​ဇ မြို့​သည်​မင်း​ဆက်​ပြတ်​လျက်၊ အာရှ​ကေ​လုန် မြို့​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​၍​ကျန်​ရစ် လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ