ဇာခရိ 9:12Common Language Bibleအချင်းပြည်နှင်ဒဏ်သင့်သူတို့ပြန်လာကြလော့။ မျှော်လင့်ချက်ရှိကြပေပြီ။ ဘေးမဲ့လုံခြုံရာသင်တို့၏ရဲတိုက်သို့ပြန်လာ ကြလော့။ သင်တို့ခံခဲ့ရသည့်ဆင်းရဲဒုက္ခများ၏ နှစ်ဆမျှသော ကောင်းချီးမင်္ဂလာကိုသင်တို့အားငါပေးမည် ဖြစ်ကြောင်းယခုပင်ပြောကြားပါ၏။ အခန်းကိုကြည့်ပါ။ |
ယေရုရှလင်မြို့သူမြို့သားတို့ကို အားပေးကြလော့။ သူတို့သည်ကြာမြင့်စွာဆင်းရဲဒုက္ခ ရောက်ခဲ့ကြသဖြင့်၊ သူတို့၏အပြစ်များကိုယခု ငါဖြေလွှတ်တော်မူပြီဖြစ်ကြောင်း၊ သူတို့အားကြားပြောကြလော့။ ငါသည်သူတို့အားမိမိတို့အပြစ်များ အတွက် အပြစ်ဒဏ်အပြည့်အဝခတ်ခဲ့လေပြီ'' ဟု မိန့်တော်မူ၏။
ကိုယ်တော်ရှင်သာလျှင်ဣသရေလအမျိုးသား တို့၏ မျှော်လင့်ရာဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့ဒုက္ခရောက်သောအခါ ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။ အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့ပြည်တွင်ဧည့်သည်ကဲ့သို့၊ တစ်ညဥ့်မျှသာတည်းခိုသည့်ခရီးသည်ကဲ့သို့ ပြုတော်မူပါသနည်း။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
အို ထာဝရဘုရား၊ကိုယ်တော်သည်ဣသရေလ အမျိုးသားတို့၏မျှော်ကိုးရာဖြစ်တော်မူ၏။ ကိုယ်တော်ကိုစွန့်ပစ်သူမှန်သမျှသည် အရှက်ကွဲကြလိမ့်မည်။ သူတို့သည်အသက်စမ်းရေချိုတည်းဟူ သော ထာဝရဘုရားကိုစွန့်ပစ်ကြပြီဖြစ်၍ မြေမှုန့်ပေါ်တွင်ရေးသားထားသည့်၊အမည် နာမများ ကဲ့သို့ပျောက်ကွယ်သွားကြလိမ့်မည်။
ထို့ကြောင့်ဘုရားသခင်၏ကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းတို့သည် ပြန်လည်ရုပ်သိမ်း ၍မရနိုင်သောအရာနှစ်ပါးဖြစ်ကြ၏။ ထို အရာနှစ်ပါးနှင့်ပတ်သက်၍လည်းကိုယ်တော် သည်မုသားစကားကိုသုံးတော်မမူနိုင်။ ထို့ ကြောင့်အထံတော်၌ခိုလှုံလျက်ရှိကြသော ငါတို့သည်မိမိတို့အားကိုယ်တော်ပေးတော် မူသည့်မျှော်လင့်ချက်ကို စွဲမြဲစွာခံယူ ထားရန်စိတ်အားတက်ကြွ၍လာကြ၏။-