Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇာ​ခ​ရိ 8:7

Common Language Bible

ငါ​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​အား​သူ​တို့​ရောက်​ရှိ​လေ ရာ​အ​ရပ်​မှ​ကယ်​ဆယ်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ပြီး​ငါ​၏​အ​မိန့်​တော်​ကို​လိုက်​နာ​ကြ​လျှင် ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​သို့​ပင်​ကွဲ​လွင့် လျက်​နေ​စေ​ကာ​မူ သင်​တို့​ကို​ငါ့​အား​ဝတ် ပြု​ကိုး​ကွယ်​ရန် ရွေး​ချယ်​သတ်​မှတ်​ထား​သည့် ဌာ​န​တော်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ မည်။''

နေ​ထွက်​ရာ​အ​ရပ်​မှ​နေ​ဝင်​ရာ​အ​ရပ်​သို့ တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ထော​မ​နာ ပြု​ကြ ပါ​စေ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ပြန်​လည်​ထူ​ထောင်​လျက်​တိုင်း​တစ်​ပါး​တွင် နေ​ကြ​ရ​သူ ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​လည် ခေါ်​ဆောင်​လာ​တော်​မူ​၏။

အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​မှ​အ​နောက်​သို့ တိုင်​အောင် ကမ္ဘာ​တစ်​ဝန်း​လုံး​အား​မိန့်​မြွက်​ဆင့်​ခေါ်​တော် မူ​၏။

ငါ​၏​လူ​မျိုး​တော်​သည်​ရပ်​ဝေး​ဒေ​သ​များ​မှ လည်း​ကောင်း၊ မြောက်​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​မှ​လည်း​ကောင်း၊ တောင်​အ​ရပ်​ရှိ​သိ​နိမ်​ပြည်​မှ​လည်း​ကောင်း လာ​ရောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အ​ရှေ့​မျက်​နှာ​မှ​သည်​အ​နောက်​မျက်​နှာ​သို့ တိုင်​အောင် လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ နာ​မ​တော်​နှင့်​ဘုန်း​တန်​ခိုး​တော်​တို့​ကို​ကြောက် ရွံ့​လေး​စား​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​အ​ရှိန် ပြင်း​သည့်​ချောင်း​ရေ​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ကြီး​သည့်​လေ​ကဲ့​သို့​လည်း​ကောင်း​ကြွ​လာ တော်​မူ​လိမ့်​မည်။

ငါ​သည်​ထို​သူ​တို့​ကို​မြောက်​အ​ရပ်​မှ ခေါ်​ဆောင်​ခဲ့​မည်။ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​များ​မှ​စု​သိမ်း ခဲ့​မည်။ သူ​တို့​နှင့်​အ​တူ​မျက်​မ​မြင်​များ၊ခြေ​မ​စွမ်း မ​သန် သူ​များ​သည်​လည်း​ကောင်း၊ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ၊သား​ဖွား​ရန် နေ့​စေ့​လ​စေ့​အ​မျိုး​သ​မီး​များ​သည်​လည်း ကောင်း လိုက်​ပါ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ​မျိုး​ကြီး​အ​ဖြစ်​ဖြင့် ပြန်​လာ​ကြ​လိမ့်​မည်။

``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ကို​သူ​တို့​အား​ဆင့်​ဆို​လော့။ ငါ​သည် လူ​မျိုး​ခြား​တို့​ထဲ​မှ​သူ​တို့​အား​ပြန်​လည်​သိမ်း ဆည်း​၍ သူ​တို့​ပျံ့​လွင့်​လျက်​ရှိ​သည့်​ပြည်​များ မှ​သူ​တို့​ကို​ပြန်​လည်​စု​သိမ်း​မည်။ ဣ​သ​ရေ​လ ပြည်​ကို​ပြန်​လည်​ပေး​အပ်​မည်။-

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​ကို အ​ပြစ်​အ​ပေါင်း​မှ​သန့်​စင်​စေ​သည့်​ကာ​လ ၌ ငါ​သည်​သင်​တို့​အား​မိ​မိ​တို့​မြို့​များ တွင်​ပြန်​လည်​နေ​ထိုင်​ခွင့်​ပေး​မည်။ ပျက်​စီး ယို​ယွင်း​သော​အ​ရာ​များ​ကို​လည်း​ပြန် လည်​တည်​ဆောက်​ခွင့်​ပေး​မည်။-

``ငါ​သည်​ယု​ဒ​ပြည်​သား​တို့​ကို​ကြံ့​ခိုင် စေ​၍ ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​ကယ်​တင်​မည်။ ငါ​သည်​သူ​တို့​အား​က​ရု​ဏာ​ထား​၍၊မိ​မိ တို့ နေ​ရင်း​ဌာ​နေ​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ မည်။ သူ​တို့​သည်​ငါ​၏​ပစ်​ပယ်​မှု​ကို​အ​ဘယ် အ​ခါ​၌​မျှ မ​ခံ​ရ​ဘူး​သူ​များ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း​မည်။

ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​အ​ခြား​တစ်​စွန်း တိုင်​အောင်​လူ​တို့​သည် ငါ​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ပေ​သည်။ သူ​တို့​သည်​အ​ရပ် တ​ကာ​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍ နှစ် သက်​ဖွယ်​ကောင်း​သည့်​ယဇ်​များ​ကို​ငါ့ အား​ပူ​ဇော်​ကြ​၏။ သူ​တို့​အား​လုံး​ပင် ငါ​၏​နာ​မ​တော်​ကို​ချီး​ကူး​ကြ​၏။-''

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​သ​နား​က​ရု​ဏာ​ရှိ​တော် မူ​လိမ့်​မည်။ ထို့​အ​ပြင်​အ​ပြည်​ပြည်​သို့ ရောက်​ရှိ​နေ​ထိုင်​ရာ​မှ သင်​တို့​ကို​ပြန်​လည် ခေါ်​ဆောင်​တော်​မူ​လိမ့်​မည်။ သင်​တို့​၏ စီး​ပွား​ရေး​ကို​လည်း တစ်​ဖန်​တိုး​တက် စေ​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ