Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇာ​ခ​ရိ 8:21

Common Language Bible

မြို့​တစ်​မြို့​မှ​လူ​တို့​သည်​အ​ခြား​မြို့​မှ​လူ တို့​အား`ငါ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​သွား​ရောက်​ဝတ်​ပြု​ကိုး​ကွယ်​ကာ ကိုယ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း ခံ​ကြ​ကုန်​အံ့။ ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ကြ လော့' ဟု​ဆို​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​အ​မှန်​အ​ကန်​ဝတ်​ပြု ကိုး​ကွယ်​လို​သူ ဣသ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​ပူ​ဇော်​နိုင် ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​ယေ​ရု​ရှ လင်​မြို့​သို့​လိုက်​သွား​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​အုပ်​စိုး​တော်​မူ​ရာ​အ​ရပ်​ရှိ ဖန်​ဆင်း​ခြင်း​ခံ​ရ​သော​သတ္တဝါ​အ​ပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။

သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကို ငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။''

`လာ​ကြ၊ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှိ​တော်​မူ​ရာ​ဇိ​အုန်​တောင်​တော်​သို့ ငါ​တို့​တက်​ကြ​ကုန်​အံ့' ဟု​ဧ​ဖ​ရိမ်​တောင် ကုန်း​များ​မှ​ကင်း​စောင့်​တို့​ကြွေး​ကြော်​ကြ မည့်​နေ့​ရက်​ကာ​လ​သည် အ​မှန်​ပင်​ကျ ရောက်​လာ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ကျွမ်း ရန်​ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။ နံ​နက် အ​ရုဏ်​တက်​မြဲ​တက်​သ​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ရာ​သီ​တွင်​မြေ​ကြီး​ပေါ်​သို့​မိုး​ရွာ​မြဲ ရွာ​သ​ကဲ့​သို့​လည်း​ကောင်း ကိုယ်​တော်​သည် ငါ​တို့​ထံ​သို့​မု​ချ​ကြွ​လာ​တော်​မူ​မည်'' ဟု​ဆို​ကြ​၏။

ဗေ​သ​လ​မြို့​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​ခံ​ကြ​ရန် လည်း​ကောင်း``အ​ကျွန်ုပ်​တို့​သည်​ဗိ​မာန်​တော် ပြို​ပျက်​မှု​အ​တွက် နှစ်​ပေါင်း​များ​စွာ​ပြု​လုပ် ခဲ့​ကြ​သည့်​နည်း​တူ အ​စာ​ရှောင်​ခြင်း​အား ဖြင့်​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ​ဏာ ကို​ပြ​ရ​ကြ​ပါ​မည်​လော'' ဟု​မေး​လျှောက် ကြ​ရန်​လည်း​ကောင်း၊ ရှ​ရေ​ဇာ​နှင့်​ရေ​ဂင်္မေ လက်​နှင့်​သူ​တို့​၏​လူ​တို့​အား အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​မှ ယဇ် ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​ထံ​သို့ စေ​လွှတ်​လိုက်​ကြ​၏။

တန်​ခိုး​ကြီး​မား​သည့်​တိုင်း​ကြီး​ပြည်​ကြီး သား​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ရန်​နှင့်​ကိုယ် တော်​၏​ကောင်း​ချီး​မင်္ဂလာ​ကို​တောင်း​ခံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​လိမ့်​မည်။-

သူ​၏​တ​ပည့်​နှစ်​ယောက်​တို့​သည်​ထို​စ​ကား​ကို ကြား​လျှင် သ​ခင်​ယေ​ရှု​၏​နောက်​တော်​သို့ လိုက်​သွား​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ