ဇာခရိ 5:4Common Language Bibleအနန္တတန်ခိုးရှင်ထာဝရဘုရားကငါသည် ဤကျိန်စာကိုစေလွှတ်လိုက်မည်ဖြစ်၍ယင်း သည်ငါ၏နာမတော်ကိုတိုင်တည်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူမှန်သမျှနှင့်သူခိုးမှန် သမျှတို့၏အိမ်များတွင်ဝင်၍နေလိမ့်မည်။ ထိုအိမ်တို့သည်လည်းကျိန်စာထွက်ခွာသွား သောအခါ ယိုယွင်းပျက်စီးလျက်ကျန်ရစ် ကြလိမ့်မည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါကောင်းကင်တမန်က``တစ်နိုင်ငံလုံး အပေါ်သို့သက်ရောက်မည့်ကျိန်စာကိုထိုစာ လိပ်တွင်ရေးသားထားပါသည်။ စာလိပ်တစ် မျက်နှာ၌သူခိုးမှန်သမျှတို့သည် ဤနိုင်ငံ မှဖယ်ရှားခြင်းကိုခံရကြလိမ့်မည်ဟူ၍ လည်းကောင်း၊ အခြားတစ်မျက်နှာ၌မူမမှန် မကန်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူအပေါင်း တို့သည်သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြ လိမ့်မည်ဟူ၍လည်းကောင်းဖော်ပြထား ပါသည်။-
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။