Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇာ​ခ​ရိ 3:6

Common Language Bible

ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ယော​ရှု​အား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ကို​ကယ်​တင်​သူ​မှာ​ကောင်း​ကင်​တ​မန် မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တိုင်​ဖြစ်​တော် မူ​၏။ ကိုယ်​တော်​သည်​မေတ္တာ​က​ရု​ဏာ​တော် ရှိ​သည့်​အ​တိုင်း​သူ​တို့​အား​ကယ်​တင်​တော် မူ​၏။ အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​သည်​သူ တို့​အား​အ​စဉ်​အ​မြဲ​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ခဲ့​သော်​လည်း၊-

သူ​တို့​၏​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က ငါ​သည်​သူ​တို့ အား​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​ရန်​ကြပ် တည်း​စွာ​သ​တိ​ပေး​ခဲ့​၏။ ယ​နေ့​ထိ​တိုင် အောင်​ဆက်​လက်​၍​သ​တိ​ပေး​၏။-

သူ​သည်​ကောင်း​ကင်​တ​မန်​နှင့်​ရန်​ဘက်​ပြု ၍​အ​နိုင်​ယူ​ခဲ့​သည်။ သူ​သည်​ငို​၍​ကောင်း​ချီး မင်္ဂ​လာ​ကို​တောင်း​ခံ​၏။ ဗေ​သ​လ​မြို့​တွင် ဘု​ရား​သ​ခင်​သည်​ယာ​ကုပ်​ထံ​သို့​ကြွ လာ​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ရှေ့​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​ရပ်​လျက်​နေ​သည် ကို အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​တွင်​ငါ့ အား​ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​၏။ ယော​ရှု ၏​နံ​ဘေး​တွင်​စာ​တန်​သည်​ရပ်​လျက်​နေ​၏။ သူ​သည်​ယော​ရှု​အား​ပြစ်​တင်​စွပ်​စွဲ​ရန် အ​သင့်​ရှိ​ပေ​သည်။-

သူ​သည်​မိ​မိ​၏​အ​စေ​အ​ပါး​တို့​အား​ယော​ရှု ၏​ဦး​ခေါင်း​ထက်​တွင်​ဖြူ​စင်​သန့်​ရှင်း​သည့် ပေါင်း​ထုပ်​တစ်​ခု​ကို​တပ်​ဆင်​ပေး​ရန်​ခိုင်း​စေ သ​ဖြင့် ထို​သူ​တို့​သည်​လည်း​ယင်း​သို့​ခိုင်း စေ​သည့်​အ​တိုင်း​ပြု​ကြ​၏။ ထို​နောက်​သူ​တို့ သည်​ယော​ရှု​အား​အ​ဝတ်​သစ်​များ​ကို​ဝတ် ဆင်​ပေး​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း ကင်​တ​မန်​သည်​လည်း​အ​နီး​တွင်​ရပ်​လျက် နေ​၏။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ် ၍​သင်​သည်​ငါ​၏​ပ​ညတ်​တော်​တို့​ကို​လိုက်​နာ ၍ သင့်​အား​ငါ​ပေး​အပ်​သည့်​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​မည်​ဆို​ပါ​မူ ငါ​၏​ဗိ​မာန် တော်​နှင့်​ဗိ​မာန်​တော်​တံ​တိုင်း​တို့​ကို​ဆက်​လက် စောင့်​ထိန်း​ကြည့်​ရှု​ခွင့်​ရ​လိမ့်​မည်။ ငါ​သည်​လည်း မိ​မိ​၏​ရှေ့​တော်​တွင်​ရှိ​သည့်​ကောင်း​ကင်​တ​မန် တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​ကြား​တော် မူ​သည့်​နည်း​တူ​သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို လည်း​ကြား​တော်​မူ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ