ဇာခရိ 3:10Common Language Bible``ထိုနေ့ရက်ကာလကျရောက်လာသောအခါ သင်တို့ရှိသမျှသည်စပျစ်ဥယျာဉ်များ၊ သဖန်းပင်များခြံရံလျက်ငြိမ်းချမ်းလုံခြုံ စွာနေထိုင်နိုင်ကြစေရန် မိမိတို့၏အိမ်နီး ချင်းများကိုခေါ်ဖိတ်ကြလိမ့်မည်'' ဟုအနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကကျွန်ုပ်၏ခမည်းတော် အား`သင့်နောက်၌ငါမင်းမြှောက်မည့်သူသင် ၏သားသည် ငါ့အတွက်ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်' ဟုကတိထားတော် မူခဲ့ပါ၏။ ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန်အတွက် ထိုဗိမာန်တော်ကိုတည်ဆောက်ရန်ယခု ကျွန်ုပ်စိတ်ပိုင်းဖြတ်လိုက်ပါပြီ။-
ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်၊ မြို့ထဲမှထွက်၍လက်နက်ချကြရန် သင်တို့ အားအာရှုရိဘုရင်ဧကရာဇ်အမိန့်တော် ရှိ၏။ သင်တို့အားဘုရင်ဧကရာဇ်သည်သင် တို့ပြည်နှင့်တူသည့်ပြည်၊ ဂျုံဆန်နှင့်စပျစ်ရည် သစ်၊ ပြောင်းနှင့်စပျစ်ဥယျာဉ်ပေါများသည့် ပြည်သို့မပို့ဆောင်မီအတောအတွင်း၌ မိမိတို့၏စပျစ်ပင်များနှင့်သင်္ဘောသဖန်း ပင်များမှအသီးများကိုစားစေ၍ မိမိ တို့ရေတွင်းများမှရေကိုလည်းသောက် သုံးခွင့်ပြုတော်မူလိမ့်မည်။-