ဇာခရိ 2:7Common Language Bibleသို့ရာတွင်အချင်းပြည်နှင်ဒဏ်သင့်သူတို့ ယခုသင်တို့သည်ဗာဗုလုန်ပြည်မှထွက်ပြေး ကာယေရုရှလင်မြို့သို့ပြန်လာကြလော့။- အခန်းကိုကြည့်ပါ။ |
``အို ဗာဗုလုန်မြို့တည်းဟူသောအမျိုးသမီး၊ သင်သည်ရာဇပလ္လင်ပေါ်မှဆင်း၍ မြေကြီးပေါ်တွင်ထိုင်လော့။ အခါတစ်ပါးကသင်သည်အနှောင့်အယှက် မခံရဘူးသည့်အပျိုစင်ဖြစ်ခဲ့၏။ သို့ရာတွင်ယခုသင်သည်ပျော့ပျောင်းသိမ်မွေ့သူ မဟုတ်တော့ပေ။ သင်သည်ယခုကျွန်ဘဝရောက်ခဲ့ပေပြီ။
ယေရုရှလင်မြို့သားတို့၊ ယခုတွင်သင်တို့ သည်မြို့ကိုစွန့်၍ ကွင်းပြင်ထဲ၌နေထိုင်ကြ ရမည်ဖြစ်သောကြောင့် မီးဖွားသောမိန်းမ ကဲ့သို့ကိုယ်ကိုတွန့်လိမ်ညည်းတွားလျက်နေ ကြလော့၊ သင်တို့သည်ဗာဗုလုန်မြို့သို့သွား ရကြမည်။ သို့ရာတွင်ထိုအရပ်၌ထာဝရ ဘုရားသည် သင်တို့ကိုရန်သူများ၏လက် မှကယ်တင်တော်မူလိမ့်မည်။-
သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-