ဇာခရိ 12:4Common Language Bibleထိုအခါငါသည်သူတို့၏မြင်းများကို ခြောက်လှန့်ကာမြင်းစီးသူရဲအပေါင်းကို ရူးသွတ်သွားစေမည်'' ``ယုဒပြည်သား တို့ကိုငါကြည့်ရှုမည်။ ရန်သူတို့၏မြင်း များကိုမူကားမျက်စိကန်းစေမည်။- အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရားအကျွန်ုပ်ကိုကြည့်တော် မူ၍ ကိုယ်တော်၏အစေခံဣသရေလ အမျိုးသားများအတွက် နေ့ညမပြတ် အကျွန်ုပ်တောင်းလျှောက်သောဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။ ဣသရေလ အမျိုးသားများဖြစ်သူအကျွန်ုပ်တို့သည် လည်းကောင်း၊ အပြစ်ကူးလွန်သူများဖြစ် ကြောင်းအကျွန်ုပ်၏ဘိုးဘေးတို့သည်လည်း ကောင်းဝန်ခံပါ၏။ အကျွန်ုပ်တို့သည်အပြစ် ကူးလွန်မိပါပြီ။-
ငါသည်သူ့အားလှည့်စေ၍သူ၏ပါးရိုးကို သံချိတ်များဖြင့်ချိတ်ကာ သူ၏စစ်သူရဲ များနှင့်အတူဆွဲခေါ်သွားမည်။ သူ၏တပ် မတော်သည်မြင်းများ၊ ဝတ်စုံတူမြင်းစီး သူရဲများဖြင့်ပြည့်စုံ၍အလွန်ပင်ကြီး မား၏။ စစ်သူရဲမှန်သမျှသည်လည်းဒိုင်း လွှားကြီးငယ်နှင့်ဋ္ဌားကိုကိုင်ဆောင်ထား ကြ၏။-
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏လျှောက် ထားချက်ကိုနားထောင်တော်မူပါ။ အကျွန်ုပ် တို့အားကြည့်တော်မူ၍ကိုယ်တော်ရှင့်နာမ တော်ကိုခံယူထားသည့်မြို့၏ဝေဒနာကို ရှုမှတ်တော်မူပါ။ အကျွန်ုပ်တို့သည်မိမိတို့ ကောင်းမွန်၊ မှန်ကန်မှုကိုအမှီမပြု၊ ကိုယ် တော်၏ကြီးမြတ်သောကရုဏာကို အမှီပြု၍ဆုတောင်းပါ၏။-
ယုဒပြည်သားတို့သည်လမ်းများပေါ်ရှိ ရွှံ့နွံထဲတွင် ရန်သူများကိုကျော်နင်းပစ် ကြသည့်စစ်သည်တော်များကဲ့သို့အောင်ပွဲ ခံရကြလိမ့်မည်။ ထာဝရဘုရားသည်သူတို့ နှင့်အတူရှိတော်မူသဖြင့် သူတို့သည်ရန် သူမြင်းစီးသူရဲများကိုပင်လျှင်တိုက် ခိုက်နှိမ်နင်းကြလိမ့်မည်။
``ထိုအခါငါသည်ယုဒနွယ်သားစုများ ကိုတောမီးကဲ့သို့လည်းကောင်း၊ စပါးမှည့် လျက်နေသည့်လယ်ကွက်တွင်လောင်သောမီး ကဲ့သို့သော်လည်းကောင်းဖြစ်စေမည်။ သူတို့ သည်မိမိတို့အနီးအနားရှိလူမျိုးအပေါင်း တို့ကိုသုတ်သင်ဖျက်ဆီးကြလိမ့်မည်။ ယေရု ရှလင်မြို့သူမြို့သားတို့မူကား မိမိတို့မြို့ တွင်း၌ဘေးမဲ့လုံခြုံစွာနေကြလိမ့်မည်။