ဇာခရိ 12:2Common Language Bibleကိုယ်တော်က``ငါသည်ယေရုရှလင်မြို့ကို စပျစ်ရည်ခွက်ဖလားနှင့်တူစေမည်။ မြို့ ပတ်ဝန်းကျင်ရှိလူမျိုးတကာတို့သည် ထိုစပျစ်ရည်ကိုသောက်၍ သေသောက်ကြူး များကဲ့သို့ယိမ်းယိုင်လျက်နေကြလိမ့်မည်။ သူတို့သည်ယေရုရှလင်မြို့ကိုဝိုင်းရံ တိုက်ခိုက်ကြသောအခါ အခြားယုဒမြို့ တို့သည်လည်းအဝိုင်းခံရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ထိုမြို့၏စီမံအုပ်ချုပ်သူများ၊ပညာရှိများ၊ ခေါင်းဆောင်များနှင့်စစ်သည်တပ်သားများ အား ငါမူးယစ်စေမည်။ သူတို့သည်အိပ်ပျော်သွားပြီးလျှင် နောင်အဘယ်အခါ၌မျှနိုးထကြလိမ့်မည် မဟုတ်။ ဤကားငါဘုရင်မြွက်ဟသည့်စကားဖြစ်၏။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ဖြစ်သတည်း။
ဘုရားသခင်၏လူမျိုးတော်က``ငါတို့သည် အဘယ်ကြောင့်မလှုပ်မယှက်ထိုင်နေကြပါ သနည်း။ လာကြ၊ ခံတပ်မြို့များသို့ပြေး၍ ငါတို့သေကြကုန်အံ့။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့အားသေဒဏ် စီရင်တော်မူပြီ။ ငါတို့သည်ကိုယ်တော်ကို ပြစ်မှားသည်ဖြစ်၍ ကိုယ်တော်သည်ငါတို့ သောက်ရန်အဆိပ်ပါသောရေကိုတိုက်တော် မူပြီ။-
သင်တို့သည်ဂုဏ်အသရေရှိမှုအစား၊ အရှက်% ရရန်အလှည့်ကြုံလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင်% မူးယစ်ကာအရှက်မဲ့၍နေလိမ့်မည်။ ထာဝရ% ဘုရားသည်သင်တို့အား အပြစ်ဒဏ်စပျစ်% ရည်ကိုပင်လျှင် ပြန်၍သောက်စေတော်မူလျက် % သင်တို့ဂုဏ်အသရေရှိမှုကိုအရှက်ရမှု% အဖြစ်သို့ပြောင်းလဲစေတော်မူလိမ့်မည်။-%
ယေရုရှလင်မြို့ကိုစစ်ဆင်ရန်ထာဝရ ဘုရားသည် လူမျိုးတကာတို့အားစုရုံး ခေါ်ဆောင်ကာလာတော်မူလိမ့်မည်။ ထိုမြို့ သည်အသိမ်းခံရလိမ့်မည်။ အိမ်များသည် အလုခံရလျက်အမျိုးသမီးများသည် လည်း မတော်မတရားပြုကျင့်ခြင်းကိုခံရ ကြလိမ့်မည်။ လူဦးရေထက်ဝက်မျှပြည်နှင် ဒဏ်သင့်ကြမည်ဖြစ်သော်လည်း ကျန်ထက် ဝက်မှာထိုမြို့မှပြောင်းရွှေ့ရကြလိမ့်မည် မဟုတ်။-