ဇာခရိ 11:17Common Language Bibleတန်ဖိုးမရှိသောသိုးထိန်းမိုက်သည်အမင်္ဂ လာရှိ၏။ သူသည်မိမိ၏သိုးစုကိုစွန့်ပစ် ထားလေပြီ။ စစ်မက်ဘေးဒဏ်ကြောင့်သူ၏ လက်ရုံးနှင့်ညာမျက်စိသည်ပျက်ပြုန်း၍ သွားလိမ့်မည်။ သူ့၏ညာလက်ရုံးသည်ရှုံ့တွ တွန့်လိမ်လျက်၊ ညာမျက်စိသည်လည်းအလင်း ကွယ်၍သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါထာဝရဘုရားမိန့်တော်မူသည့်စကား ကိုနားထောင်ကြလော့။ မုသားအပြည့်ပါသည့် မိမိတို့၏အိပ်မက်များအကြောင်းကိုဟော ပြောကြသောပရောဖက်တို့ကိုငါဆန့်ကျင် ဘက်ပြုမည်။ သူတို့သည်ထိုအိပ်မက်များကို လိမ်လည်ကြွားဝါဟောပြောခြင်းအားဖြင့် ငါ ၏လူမျိုးတော်အားလမ်းလွဲစေကြ၏။ ငါ သည်သူတို့အားမစေလွှတ်ခဲ့။ သွားရန်လည်း အမိန့်မပေးခဲ့။ သို့ဖြစ်၍သူတို့သည်လူတို့ အတွက်အဘယ်သို့မျှအကျိုးမပြုကြ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏သိုးထိန်းတို့အားရှုတ် ချလော့။ သူတို့အားငါအရှင်ထာဝရ ဘုရားထံတော်မှဗျာဒိတ်တော်ကိုဆင့်ဆို ရမည်မှာ အချင်းဣသရေလအမျိုးသား များ၏သိုးထိန်းတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်မိမိတို့ကိုယ်ကို ကျွေးမွေးပြုစုကြသော်လည်းသိုးများ ကိုမူမစောင့်ထိန်းကြ။-
လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
ထို့ကြောင့်အဘယ်သို့ပြောရမည်နည်း။ ဣသရေလ အမျိုးသားတို့သည်မိမိတို့ရှာသောအရာကို မတွေ့ကြကြောင်းထင်ရှားနေသည်။ ထိုအရာကို တွေ့ရှိကြသူများမှာဘုရားသခင်ရွေးကောက် တော်မူသောလူနည်းစုပင်ဖြစ်ပေသည်။ ကျန် သောသူတို့သည်ကားဘုရားသခင်၏ဖိတ် ခေါ်တော်မူသံကိုမကြားကြ။-