Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇာ​ခ​ရိ 11:14

Common Language Bible

ထို​နောက်​ငါ​သည်``စည်း​လုံး​ခြင်း'' နာ​မည်​တွင် သော​တောင်​ဝှေး​ကို​ချိုး​ပစ်​လိုက်​၏။ ထို​အ​ခါ ယု​ဒ​ပြည်​နှင့်​ဣ​သ​ရေ​လ​ပြည်​စည်း​လုံး​မှု သည်​ပျက်​ပြား​၍​သွား​လေ​တော့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်၊ ယု​ဒ​ပြည်​သူ တို့​အ​ပေါ်​တွင်​ငြူ​စူ​စိတ်​ရှိ​ကြ​တော့​မည် မ​ဟုတ်။ ယု​ဒ​ပြည်​သူ​တို့​သည်​လည်း​ဣ​သ​ရေ လ​ပြည်​သူ​တို့​၏​ရန်​ဘက်​ဖြစ်​ကြ​တော့​မည် မ​ဟုတ်။-

မ​နာ​ရှေ​သား​ချင်း​စု​နှင့်​ဧ​ဖ​ရိမ်​သား​ချင်း စု​သည်​အ​ပြန်​အ​လှန်​တိုက်​ခိုက်​ကြ​ပြီး​လျှင် သူ​တို့​နှစ်​ဦး​ပေါင်း​၍​ယု​ဒ​သား​ချင်း​စု​ကို တိုက်​ခိုက်​ကြ​တော့​၏။ သို့​နှင့်​လည်း​ထာ​ဝ​ရ ဘု​ရား​သည်​အ​မျက်​တော်​မ​ပြေ​ဘဲ​အ​ပြစ် ဒဏ်​ခတ်​တော်​မူ​ရန်​လက်​တော်​ကို​ချိန်​ရွယ် လျက်​ပင်​ထား​တော်​မူ​၏။

ငါ​သည်​သူ​တို့​အား​ထို​ပြည်​တွင်​ဣသ​ရေ​လ တောင်​များ​ပေါ်​မှာ​လူ​မျိုး​တစ်​မျိုး​တည်း ဖြစ်​စေ​တော်​မူ​မည်။ သူ​တို့​၌​အုပ်​စိုး​မည့် ဘု​ရင်​တစ်​ပါး​တည်း​ရှိ​လိမ့်​မည်။ လူ​မျိုး နှစ်​မျိုး​နိုင်​ငံ​နှစ်​နိုင်​ငံ​ကွဲ​ပြား​လျက် မ​ရှိ​ရ။-

(ထာ​ဝ​ရ​ဘု​ရား​က၊``ငါ​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​တွင်​အ​ဘယ်​သူ့​ကို​မျှ​သ​နား​တော့​မည် မ​ဟုတ်​ပါ။ ငါ​ကိုယ်​တိုင်​ပင်​လူ​အ​ပေါင်း​တို့ ကို သူ​တို့​၏​ဘု​ရင်​များ​၏​လက်​သို့​ပေး​အပ် မည်။ ထို​ဘု​ရင်​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ကို ပျက်​ပြုန်း​စေ​ကြ​မည်​ဖြစ်​သော်​လည်း ငါ သည်​ကယ်​တင်​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။)

သိုး​ရောင်း​ဝယ်​သူ​တို့​က​ငါ့​ကို​ငှား​ရမ်း​သ ဖြင့်​ငါ​သည်​နှိပ်​စက်​ခြင်း​ခံ​ရ​သော​သိုး​တို့ ကို ထိန်း​ကျောင်း​ရ​သူ​ဖြစ်​လာ​လေ​သည်။ ``ကျေး ဇူး​ပြု​ခြင်း'' ဟု​နာ​မည်​တွင်​သော​သိုး​ထိန်း တောင်​ဝှေး​တစ်​ချောင်း​နှင့်``စည်း​လုံး​ခြင်း'' ဟု နာ​မည်​တွင်​သော​သိုး​ထိန်း​တောင်​ဝှေး​တစ် ချောင်း​ကို​ယူ​ပြီး​လျှင်​သိုး​အုပ်​ကို​ငါ ထိန်း​ကျောင်း​ရ​၏။-

ထို​နောက်​ငါ​၏​သိုး​အုပ်​အား``ငါ​သည်​သင် တို့​၏​သိုး​ထိန်း​မ​လုပ်​လို​တော့​ပါ၊ သေ​ရ မည့်​သိုး​တို့​သည်​သေ​ကြ​ပါ​လေ​စေ။ အ​သတ် ခံ​ရ​မည့်​သိုး​များ​သည်​လည်း​အ​သတ်​ခံ​ရ ကြ​ပါ​လေ​စေ။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ သည့်​သိုး​များ​သည်​လည်း မိ​မိ​တို့​အ​ချင်း ချင်း​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်'' ဟု​ပြော ဆို​၏။-

ထို​အ​ခါ​လူ​များ​စွာ​ပင်​မှောက်​မှား​လမ်း​လွဲ​ကြ လျက် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သစ္စာ​ဖောက်​ကြ​လိမ့်​မည်။-

လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​နိုင်​ငံ သည်​မ​ရပ်​မ​တည်​နိုင်​ရာ။-

သို့​သော်​သား​ရဲ​တိရစ္ဆာန်​အ​ချင်း​ချင်း​ကိုက်​သတ် ကြ​သ​ကဲ့​သို့ သင်​တို့​ပြု​ကြ​ပါ​လျှင် အ​ချင်း ချင်း​ဖျက်​ဆီး​ရာ​ရောက်​မည်​ဖြစ်​ကြောင်း​သ​တိ ပြု​ကြ​လော့။

သို့​သော်​အ​ကယ်​၍​သင်​တို့​စိတ်​နှ​လုံး​တွင် နာ​ကြည်း​စိတ်၊ မ​နာ​လို​စိတ်၊ တစ်​ကိုယ်​ကောင်း စိတ်​များ​ရှိ​လျှင်​မိ​မိ​ဉာဏ်​ပ​ညာ​အ​တွက် ကြွား​ဝါ​ပြော​ဆို​ခြင်း​အား​ဖြင့်​သမ္မာ​တ​ရား ကို​မ​ဆန့်​ကျင်​နှင့်။-

အ​ဘယ်​ကြောင့်​ဆို​သော်​မ​နာ​လို​စိတ်၊ တစ်​ကိုယ် ကောင်း​စိတ်​တို့​သည်​မ​ငြိမ်​မ​ဝပ်​ရုန်း​ရင်း​ဆန် ခတ်​မှု၊ ဆိုး​ညစ်​ယုတ်​မာ​မှု​အ​မျိုး​မျိုး​တို့​ကို ဖြစ်​ပေါ်​စေ​တတ်​သော​ကြောင့်​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ