Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇာ​ခ​ရိ 11:12

Common Language Bible

ငါ​က​သူ​တို့​အား``သင်​တို့​ပေး​လို​လျှင်​ငါ​၏ လုပ်​အား​ခ​ကို​ပေး​ကြ​လော့။ မ​ပေး​လို​လျှင် လည်း​နေ​ကြ​တော့'' ဟု​ပြော​၏။ သို့​ဖြစ်​၍​သူ တို့​သည်​ငါ့​လုပ်​အား​ခ​အ​ဖြစ်​ငွေ​စ​သုံး ဆယ်​ကို​ပေး​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​သ​ဘော​တူ​၍​လူ​တို့​ရှေ့​တွင်​ဧ​ဖ​ရုန်​တန်​ဖိုး​ဖြတ်​သော​ငွေ​သား​လေး​ရာ​ကို​ကုန်​သည်​သုံး​စံ​ချိန်​အ​ရ​ချိန်​တွယ်​၍​ဧ​ဖ​ရုန်​အား​ပေး​လေ​၏။

ထို​အ​တော​အ​တွင်း​မိ​ဒျန်​အ​မျိုး​သား​ကုန် သည်​အ​ချို့​တို့​ဖြတ်​သန်း​ရောက်​ရှိ​လာ​၏။ သူ တို့​သည်​ယော​သပ်​အား​တွင်း​ထဲ​မှ​ဆွဲ​တင်​၍ ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​ငွေ​သား ကျပ်​နှစ်​ဆယ်​ဖြင့်​ရောင်း​လိုက်​ကြ​သည်။ ထို ကုန်​သည်​တို့​က​ယော​သပ်​အား​အီ​ဂျစ်​သို့ ခေါ်​ဆောင်​သွား​လေ​သည်။

အာ​ဟပ်​သည်​နာ​ဗုတ်​အား``သင်​၏​ဥ​ယျာဉ် ကို​ငါ​အ​လို​ရှိ​သည်။ ထို​ဥ​ယျာဉ်​သည်​ငါ့​နန်း တော်​အ​နီး​တွင်​ရှိ​သ​ဖြင့် ထို​မြေ​ကို​ယာ​ခင်း ပြု​လုပ်​လို​သည်။ သင့်​အား​ထို​ဥ​ယျာဉ်​ထက် ပို​၍​ကောင်း​သည့်​စ​ပျစ်​ဥ​ယျာဉ်​ကို​ငါ​ပေး မည်။ သို့​မ​ဟုတ်​သင်​အ​လို​ရှိ​လျှင်​သင့်​လျော် သော​အ​ဖိုး​ငွေ​ကို​ငါ​ပေး​မည်'' ဟု​ဆို​၏။

သို့​ဖြစ်​၍​ကျွန်ုပ်​အ​တွက်​သစ်​က​တိုး​ပင် များ​ကို​ခုတ်​လှဲ​ပေး​ရန် လေ​ဗ​နုန်​တော​သို့ အ​ဆွေ​တော်​၏​လူ​တို့​ကို​စေ​လွှတ်​ပေး​စေ လို​ပါ​သည်။ ကျွန်ုပ်​အ​စေ​ခံ​များ​သည်​လည်း ကူ​ညီ​စေ​ပါ​မည်။ အ​ဆွေ​တော်​ဆုံး​ဖြတ် သည့်​အ​ခ​ကြေး​ငွေ​ကို​ကျွန်ုပ်​ပေး​ပါ​မည်။ အ​ဆွေ​တော်​သိ​သည့်​အ​တိုင်း ကျွန်ုပ်​၏​လူ တို့​သည်​အ​ဆွေ​တော်​၏​လူ​တို့​ကဲ့​သို့​သစ် ခုတ်​မှု​တွင်​မ​ကျွမ်း​ကျင်​ကြ​ပါ'' ဟု​မှာ ကြား​လိုက်​၏။

မင်း​ကြီး​နှင့်​ပြည်​သူ​တို့​သည်​မိ​မိ​တို့ အ​ကြံ​အ​စည်​ကို​နှစ်​သက်​ကြ​သ​ဖြင့်၊-

နွား​သည်​ကျွန်​ယောကျာ်း​သို့​မ​ဟုတ်​ကျွန်​မိန်း​မ တစ်​ဦး​ကို​ဝှေ့​သတ်​လျှင် နွား​ပိုင်​ရှင်​က​ကျွန် ပိုင်​ရှင်​အား​ငွေ​သား​သုံး​ဆယ်​လျော်​ကြေး​ပေး ဆောင်​ရ​မည်။ နွား​ကို​လည်း​ကျောက်​ခဲ​နှင့်​ပစ် သတ်​ရ​မည်။

ဟာ​န​မေ​လ​ထံ​မှ​လယ်​ကို​ဝယ်​ယူ​ကာ​သူ့ အား​ငွေ​ကို​ချိန်​တွယ်​၍​ပေး​၏။ လယ်​ဖိုး​ငွေ သား​မှာ​တစ်​ဆယ့်​ခု​နစ်​ခု​ဖြစ်​သ​တည်း။-

ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။

``ယေ​ရှု​ကို​သင်​တို့​လက်​သို့​အ​ကျွန်ုပ်​ပေး​အပ်​ပါ လျှင်​အ​ကျွန်ုပ်​အား​ငွေ​မည်​မျှ​ပေး​မည်​နည်း'' ဟု မေး​၏။ ထို​သူ​တို့​သည်​လည်း​သူ့​အား​ငွေ​ဒင်္ဂါး သုံး​ဆယ်​ပေး​ကြ​၏။-

ပ​ရော​ဖက်​ယေ​ရ​မိ​က ``သူ​တို့​သည်​ထို​သူ​၏ တန်​ဖိုး​အ​ဖြစ်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ကဲ ဖြတ်​ပေး​သည့်​ငွေ​ဒင်္ဂါး​သုံး​ဆယ်​ကို​ယူ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​မှာ​ကြား​တော်​မူ​သည့် အ​တိုင်း​အိုး​ထိန်း​သည်​၏​လယ်​မြေ​ကို​ဝယ်​ယူ ကြ​၏'' ဟု​ဟော​ကြား​ခဲ့​သည့်​စ​ကား​သည်​ထို အ​ချိန်​၌​မှန်​၍​လာ​တော့​၏။

သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည်​ည​စာ စား​လျက်​နေ​ကြ​၏။ မာရ်​နတ်​သည်​ရှိ​မုန်​ရှ ကာ​ရုတ်​သား​ယု​ဒ​အား ကိုယ်​တော်​ကို​ရန်​သူ့ လက်​သို့​အပ်​နှံ​စေ​ရန်​အ​ကြံ​ပေး​ထား​ပြီး ဖြစ်​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ