ဇာခရိ 11:1Common Language Bibleအို လေဗနုန်တောင်၊ သင်၏သစ်ကတိုးပင်များသည် မီးသင့်လောင်၍သွားနိုင်ရန်သင်၏တံခါးတို့ကို ဖွင့်ပါလော့။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်လေဗနုန်သစ်တောများကိုခုတ်% လှဲခဲ့ကြ၏။ ယခုအခါသင်တို့ကိုယ်တိုင်% ပင်ခုတ်လှဲခြင်းကိုခံရကြလိမ့်မည်။ သင်% တို့သည်ထိုတောမှတိရစ္ဆာန်များကိုသတ်% ဖြတ်ခဲ့ကြ၏။ ယခုအခါတိရစ္ဆာန်များ% သည်သင်တို့အားကြောက်လန့်တုန်လှုပ်စေ% ကြလိမ့်မည်။ သင်တို့ကူးလွန်ခဲ့သည့်လူ% သတ်မှုများကြောင့်သော်လည်းကောင်း၊ ကမ္ဘာ% ပေါ်ရှိလူများမြို့များကိုအကြမ်းဖက်% ခဲ့မှုများကြောင့်လည်းကောင်း ဤအမှု% အရာများဖြစ်ပျက်လာလိမ့်မည်။ %
သင်တို့သည်နိုင်ငံအမြောက်အမြားမှလူတို့% ကိုတိုက်ခိုက်လုယက်ခဲ့လေပြီ။ ယခုအသက်% မသေဘဲကျန်ရှိနေသောသူတို့သည် သင်တို့% ကူးလွန်ခဲ့သည့်လူသတ်မှုများကြောင့်လည်း% ကောင်း၊ ကမ္ဘာပေါ်ရှိလူများ၊ မြို့များအားအ% ကြမ်းဖက်ခဲ့မှုတို့ကြောင့်လည်းကောင်း သင်တို့% အားတိုက်ခိုက်လုယက်ကြလိမ့်မည်။ %
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ယခု ပင်တောင်ကုန်းများပေါ်သို့တက်၍သစ်များ ကိုယူဆောင်လာကာ ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ကြလော့၊ ထိုအခါငါသည်နှစ် သက်အားရလာလိမ့်မည်။ ပြီးလျှင်ငါ့အား ထိုက်သင့်သည့်အတိုင်းဝတ်ပြုကိုးကွယ် နိုင်ကြလိမ့်မည်ဟုအနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။''
``ထိုအခါငါသည်ယုဒနွယ်သားစုများ ကိုတောမီးကဲ့သို့လည်းကောင်း၊ စပါးမှည့် လျက်နေသည့်လယ်ကွက်တွင်လောင်သောမီး ကဲ့သို့သော်လည်းကောင်းဖြစ်စေမည်။ သူတို့ သည်မိမိတို့အနီးအနားရှိလူမျိုးအပေါင်း တို့ကိုသုတ်သင်ဖျက်ဆီးကြလိမ့်မည်။ ယေရု ရှလင်မြို့သူမြို့သားတို့မူကား မိမိတို့မြို့ တွင်း၌ဘေးမဲ့လုံခြုံစွာနေကြလိမ့်မည်။