Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇာ​ခ​ရိ 1:5

Common Language Bible

``ထို​ပ​ရော​ဖက်​များ​နှင့်​သင်​တို့​၏​ဘိုး ဘေး​များ​ကား​သေ​လွန်​သွား​ကြ​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဝေဒ​နာ​စွဲ​၍​နေ​၏။ သူ သည်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​သေ​အံ့​ဆဲ​ဆဲ ဖြစ်​နေ​ချိန်​၌ ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် သူ့​အား​ကြည့်​ရှု​ရန်​လာ​ရောက်​ပြီး​လျှင်``အ ကျွန်ုပ်​၏​အ​ဖ၊ အ​ကျွန်ုပ်​၏​အ​ဖ၊ အ​ရှင်​သည် ကြီး​မား​သော​တန်​ခိုး​စွမ်း​အင်​ဖြင့် ဣ​သ​ရေ​လ ပြည်​ကို​ကာ​ကွယ်​သူ​ဖြစ်​ပါ​သည်​တ​ကား'' ဟု ငို​ကြွေး​၏။

ဧ​လိ​ရှဲ​ကွယ်​လွန်​သွား​သော​အ​ခါ သူ့​ကို​သင်္ဂြိုဟ် ကြ​၏။ မော​ဘ​ပြည်​သား​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း ဣသ ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လေ့​ရှိ​ကြ​၏။

ကျွန်​တော်​မျိုး​တို့​သည်​အ​နှစ်​ခု​နစ်​ဆယ်​မျှ​သာ ရှည်​ကြ​ပါ​၏။ အ​ကယ်​၍​အား​အင်​ပြည့်​ဖြိုး​သူ​များ​ဖြစ်​ကြ​ပါ​မူ အ​နှစ်​ရှစ်​ဆယ်​နေ​ကြ​ရ​ပါ​၏။ သို့​ရာ​တွင်​ထို​နှစ်​ကာ​လ​များ​အ​တွင်း ကျွန်​တော်​မျိုး​တို့​သည်​ပူ​ပင်​သော​က​နှင့် ဆင်း​ရဲ​ဒုက္ခ​ကို​သာ​လျှင်​ခံ​စား​ကြ​ရ​ပါ​၏။ မ​ကြာ​မီ​ကွယ်​လွန်​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့ ကွယ်​ပျောက်​ကြ​ရ​ပါ​၏။

လူတဆက်လွန်သွား၏။ တဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။

ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။

ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့ ၎င်း ပြန်သွားရလိမ့်မည်။

``သင်​သည်​အ​ခြား​စာ​လိပ်​တစ်​ခု​ကို​ယူ​၍ ယော​ယ​ကိမ်​မင်း​မီး​ရှို့​လိုက်​သည့်​စာ​လိပ်​တွင် ပါ​ရှိ​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ်​၍ ထား​လော့။-

ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​အ​ပြစ် ကူး​ပြီး​နောက်​သေ​လွန်​သွား​ကြ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​သည်​သူ​တို့​၏​အ​ပြစ်​ဝန်​ကို ထမ်း​ရ​ကြ​ပါ​၏။

ယု​ဒ​အ​မျိုး​သား​တို့​က ``သင်​သည်​နတ်​မိစ္ဆာ စွဲ​ကပ်​နေ​သူ​ဖြစ်​ကြောင်း​ယ​ခု​အ​ခါ​ငါ​တို့ သိ​ကြ​ပါ​ပြီ။ အာ​ဗြ​ဟံ​ကား​သေ​လွန်​လေ ပြီ။ ပ​ရော​ဖက်​များ​သည်​လည်း​ထို့​အ​တူ​ပင်။ သို့​ပါ​လျက်​သင်​က `ငါ​၏​စ​ကား​ကို​နာ​ယူ သူ​သည်​အ​ဘယ်​အ​ခါ​မျှ​သေ​ရ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​ချေ​သည်။-

ဒါ​ဝိဒ်​သည်​မိ​မိ​အ​သက်​ရှင်​စဉ်​ကာ​လ​၌ ဘု​ရား သ​ခင်​အ​ကြံ​အ​စည်​တော်​ရှိ​သည်​အ​တိုင်း လိုက်​လျှောက်​ဆောင်​ရွက်​ပြီး​နောက်​သေ​လွန်​၍ ဘိုး​ဘေး​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​၏။ သူ​၏​ကိုယ်​ခန္ဓာ​သည်​သင်္ချိုင်း​တွင်​ပုပ် ပျက်​သွား​ရ​၏။-

လူ​သည်​တစ်​ကြိမ်​တည်း​သာ​သေ​ရ​၍​ထို့​နောက် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​ရ​၏။-

ရှ​မွေ​လ​ကွယ်​လွန်​သွား​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လာ​ရောက်​စု ဝေး​လျက်​ငို​ကြွေး​မြည်​တမ်း​ကြ​၏။ ထို​နောက် သူ့​အား​ရာ​မ​မြို့​နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက် ကြ​၏။ ယင်း​သို့​သင်္ဂြိုဟ်​ပြီး​သော​အ​ခါ​ဒါ​ဝိဒ်​သည် ပါ​ရန်​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား​လေ သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ