Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇာ​ခ​ရိ 1:20

Common Language Bible

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တူ များ​ကို​ကိုင်​ဆောင်​ထား​သည့်​အ​လုပ်​သ​မား လေး​ယောက်​ကို​ပြ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အား သူ​တို့​ကို​နှိမ်​နင်း​အုပ်​စိုး​ခွင့်​ပေး​တော်​မူ ပါ​၏။ သူ​တို့​သည်​ဒုက္ခ​ရောက်​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ​ဟု အ​ထံ​တော်​သို့​အော်​ဟစ်​ကြ​ပါ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ ကြား​တော်​မူ​၍ က​ရု​ဏာ​တော်​ကြီး​မား​သည်​နှင့်​အ​ညီ သူ​တို့​အား​ရန်​သူ​များ​လက်​မှ​ကယ်​ဆယ်​ရန် ခေါင်း​ဆောင်​များ​ကို​စေ​လွှတ်​တော်​မူ​ပါ​၏။

ပန်း​ပဲ​သ​မား​သည်​သံ​ကို​ယူ​ပြီး​လျှင်​မီး​တွင် ဖုတ်​၏။ ထို​နောက်​မိ​မိ​၏​သန်​မာ​သော​လက်​ရုံး ကို​လွှဲ​၍​သံ​တူ​နှင့်​ထု​ကာ​ပုံ​ဖော်​ပေး​၏။ သူ သည်​အ​စာ​ရေ​စာ​မွတ်​သိပ်​၍​မော​ပန်း​တတ် သူ​ဖြစ်​၏။

အောင်​ပွဲ​ရ​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ ဧ​ဒုံ​ပြည်​ကို​တိုက်​ခိုက်​အုပ်​စိုး​ကြ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ထို​ပြည်​တွင်​နန်း​စံ​တော်​မူ​လိမ့်​မည်။'' ပ​ရော​ဖက်​သြ​ဗ​ဒိ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ပြီး​၏။

သူ​သည်​မြို့​တို့​ကို​သံ​တံ​ခါး​များ​ဖြင့်​ကာ​ကွယ် ပါ​စေ။ သူ​သည်​ထာ​ဝ​စဉ်​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ပါ​စေ။''

အ​ဖြစ်​မှန်​မှာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ၌​သူ​တို့​သည်​သဲ​ကန္တာ​ရ​ကို​ဖြတ်​၍ အာ​က ဘာ​ပင်​လယ်​ကွေ့​အ​နီး​ကာ​ဒေ​ရှ​မြို့​သို့ ရောက်​ရှိ​ကြ​၏။-

ထို​နောက်​သူ​တို့​သည်​ဧ​ဒုံ​ပြည်​နှင့်​မော​ဘ ပြည်​တို့​ကို​ပတ်​၍​သဲ​ကန္တာ​ရ​ကို​ဖြတ်​ပြီး လျှင် မော​ဘ​ပြည်​၏​အ​ရှေ့​ဘက်၊ အာ​နုန်​မြစ် တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ထို​အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​၏။ အာ​နုန်​မြစ် သည်​မော​ဘ​ပြည်​၏​နယ်​နိ​မိတ်​ဖြစ်​သ​ဖြင့် ထို​မြစ်​ကို​သူ​တို့​မ​ကူး​မ​ဖြတ်​ကြ။-

ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်၊ ထို နောက်​ဗာ​ရက်၊ ထို​နောက်​ယေ​ဖ​သ၊ နောက်​ဆုံး ၌​ငါ့​အား​စေ​လွှတ်​တော်​မူ​၏။ ငါ​တို့​အ​သီး သီး​သည်​သင်​တို့​အား​ရန်​သူ​များ​လက်​မှ ကယ်​ခဲ့​ကြ​သ​ဖြင့် သင်​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ