Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 99:6

Common Language Bible

မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ကိုယ်​တော်​၏ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​၏။ ရှ​မွေ​လ​သည်​လည်း​ကိုယ်​တော်​အား​ဆု​တောင်း ပတ္ထ​နာ​ပြု​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ​ကိုယ်​တော် သည် နား​ညောင်း​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အ​ဘယ် ကြောင့်​သင်​တို့​ဟစ်​အော်​နေ​ကြ​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ရှေ့​သို့ ချီ​တက်​စေ​လော့။-

မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​သစ်​တုံး​တစ်​တုံး​ကို​ညွှန်​ပြ တော်​မူ​၏။ သူ​သည်​သစ်​တုံး​ကို​ရေ​ထဲ​သို့ ပစ်​ချ​လိုက်​သော​အ​ခါ​ရေ​ခါး​သည်​ရေ​ချို ဖြစ်​လာ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​အ​ရပ်​တွင် သူ​တို့ အား​ကျင့်​သုံး​ရန်​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း ၍ ထို​အ​ရပ်​၌​ပင်​သူ​တို့​နား​ထောင်​ခြင်း​ရှိ၊ မ​ရှိ​ကို​စစ်​ဆေး​တော်​မူ​၏။-

ထို​အ​ခါ​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား ကို``အ​ကျွန်ုပ်​သည်​ဤ​လူ​တို့​အ​တွက်​မည်​ကဲ့ သို့​ဖြေ​ရှင်း​ပေး​ရ​ပါ​မည်​နည်း။ သူ​တို့​သည် မ​ကြာ​မီ​အ​ကျွန်ုပ်​အား​ခဲ​နှင့်​ပစ်​သတ်​ကြ ပါ​လိမ့်​မည်'' ဟု​တောင်း​ပန်​လျှောက်​ထား လေ​၏။

နောက်​တစ်​နေ့​တွင်​မော​ရှေ​က ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား``သင်​တို့​သည်​ကြီး​လေး သော​ပြစ်​မှု​ကူး​လွန်​ခဲ့​ကြ​ပြီ။ ယ​ခု​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ရာ​တောင်​ပေါ်​သို့ တက်​မည်။ သင်​တို့​၏​အ​ပြစ်​ကို​လွှတ်​ရန် ထာ​ဝ​ရ ဘု​ရား​အား​တောင်း​ပန်​၍​ရ​ကောင်း​ရ​လိမ့်​မည်'' ဟု​ဆို​လေ​၏။-

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``အ​ကယ် ၍​မော​ရှေ​နှင့်​ရှ​မွေ​လ​တို့​ဤ​တွင်​ရပ်​လျက် ငါ့ အား​တောင်း​ပန်​လျှောက်​လဲ​ကြ​စေ​ကာ​မူ ငါ သည်​ဤ​သူ​တို့​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​အား​ငါ​၏​ရှေ့​မှောက်​မှ​ထွက် ခွာ​သွား​စေ​ရန်​နှင်​ထုတ်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ