Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 98:5

Common Language Bible

ထော​မ​နာ​သီ​ချင်း​ကို​ဆို​ကာ​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ စောင်း​များ​ကို​တီး​၍​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​သည်​စောင်း​များ၊ လင်း​ကွင်း​များ​ဖြင့် ပျော်​ရွှင်​ဖွယ်​ကောင်း​သော​သီ​ချင်း​များ​သီ​ဆို တီး​မှုတ်​ရန် လေ​ဝိ​အ​နွယ်​ဝင်​အ​သီး​သီး​တို့ ကို​တာ​ဝန်​ပေး​အပ်​မည့်​အ​ကြောင်း ထို​သူ​တို့ ၏​ခေါင်း​ဆောင်​များ​အား​အ​မိန့်​ပေး​တော်​မူ​၏။-

ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် ကာ တံ​ပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို တီး​မှုတ်​လျက်​ယေ​ရု​ရှ​လင်​မြို့​သို့​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​ကြ​၏။

မင်း​ကြီး​သည်​ဒါ​ဝိဒ်​မင်း​အား ဘု​ရင့်​ပ​ရော ဖက်​ဂဒ်​နှင့်​ပ​ရော​ဖက်​နာ​သန်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ညွှန်​ကြား ချက်​များ​ကို​လိုက်​နာ​ကာ​စောင်း​များ၊ လင်း ကွင်း​များ​ကိုင်​သူ​လေဝိ​အ​နွယ်​ဝင်​တို့​ကို နေ​ရာ​ချ​ထား​တော်​မူ​၏။-

ထော​မ​နာ​သီ​ချင်း​များ​ကို​ဆို​၍​ထာ​ဝ​ရ ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ စောင်း​ကို​တီး​၍​ဂီ​တ​သံ​ဖြင့်​ငါ​တို့​ဘု​ရား အား ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။

စောင်း​တီး​၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကြိုး​ဆယ်​ပင်​ရှိ​သော​တူ​ရိ​ယာ​ဖြင့်​ရှေ့​တော်​၌ သီ​ချင်း​ဆို​ကြ​လော့။

ကျွန်​တော်​မျိုး​သည်​အ​မှန်​ပင်​ကိုယ်​တော်​ရှင်​အား စောင်း​တီး​၍​ထော​မ​နာ​ပြု​ပါ​မည်။ အို ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​ထော​မ​နာ​ပြု​ပါ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ် တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည့် ကိုယ်​တော်​ရှင်​အား​စောင်း​တီး​၍့​ဋ္ဌမ္မ​သီ​ချင်း များ​ဖြင့် ချီး​မွမ်း​ပါ​မည်။

``ငါ​သည်​ဇိ​အုန်​မြို့​နှင့်​ထို​မြို့​၏​ပျက်​စီး​ယို​ယွင်း​လျက် ရှိ​သည့်​အ​ဆောက်​အ​ဦ​များ​တွင် နေ​ထိုင်​သူ​တို့​အား​က​ရု​ဏာ​ပြ​မည်။ ဇိ​အုန်​ဒေ​သ​သည်​တော​ကန္တာ​ရ​ပင်​ဖြစ်​သော်​လည်း ငါ​သည်​ယင်း​ကို​ဧ​ဒင်​အ​ရပ်​မှာ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​စေ​မည်။ ထို​အ​ရပ်​တွင်​လူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​လျက်၊ ထော​မ​နာ​သီ​ချင်း​ဆို​လျက်၊ငါ​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်​နေ​ကြ​လိမ့်​မည်။

ထို​သို့​ယူ​လိုက်​သော​အ​ခါ​သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​တို့​သည် အ​သီး သီး​စောင်း​များ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် လူ​စု​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​တည်း​ဟူ​သော နံ့​သာ​ပေါင်း​နှင့်​ပြည့်​လျက်​ရှိ​သည့်​ရွှေ​ဖ​လား များ​ကို​လည်း​ကောင်း ကိုင်​ဆောင်​ကာ​သိုး​သူ​ငယ် တော်​၏​ရှေ့​တော်​တွင်​ပျပ်​ဝပ်​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ