ဆာလံ 97:7Common Language Bibleရုပ်တုများကိုရှိခိုးဝတ်ပြုသူအပေါင်းတို့သည် အရှက်ရကြ၏။ ဘုရားရှိသမျှတို့သည်လည်းကိုယ်တော်၏ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဤအခြင်းအရာကိုမြင်ခြင်းကြောင့် လူအပေါင်းတို့သည်ထုံထိုင်း၍အသိဉာဏ် ကင်းမဲ့သူများဖြစ်လာရကြလေသည်။ ပန်းတဉ်းဆရာအပေါင်းတို့သည် မိမိတို့သွန်းလုပ်သည့်ဘုရားများမှာ အစစ်အမှန်မဟုတ်သဖြင့်စိတ်ပျက် ရကြ၏။ အဘယ်ကြောင့်ဆိုသော်ရုပ်တုများတွင် အသက်မရှိသောကြောင့်တည်း။
ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။