ဆာလံ 95:7Common Language Bibleကိုယ်တော်သည်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ငါတို့သည်ကိုယ်တော် စောင့်ရှောက်တော်မူသောသူများ၊ကိုယ်တော် ကျွေးမွေးတော်မူသောသိုးစုဖြစ်ကြ၏။ ကိုယ်တော်မိန့်တော်မူသောစကားကို ယနေ့နားထောင်ကြလော့။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
ယင်းသို့ရရှိကြကြောင်းကို``ယနေ့'' ဟု နာမည်တွင်သောနေ့ရက်တစ်ရက်ကို ဘုရား သခင်သတ်မှတ်ပေးတော်မူသည့်အချက်က သက်သေပြ၏။ ကိုယ်တော်သည်ကျမ်းစာတော် တွင်ဖော်ပြပြီးသည့်အတိုင်း နှစ်ပေါင်းများ စွာကြာသောအခါဒါဝိဒ်မင်းအားဖြင့် ထိုနေ့ရက်ကိုအကြောင်းပြု၍ ``သင်တို့သည်ဘုရားသခင်၏အသံတော်ကို ယနေ့ကြားရလျှင်ခေါင်းမမာကြနှင့်'' ဟုမိန့်တော်မူသည်။