Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 94:22

Common Language Bible

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘု​ရား​သ​ခင်​သည်​ငါ​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်၊ ငါ​၏​ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​သ​ဖြင့်​ငါ​သည်​ဘေး​မဲ့​လုံ​ခြုံ​၏။ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘက်​မှ​ခု​ခံ​တိုက်​ခိုက်​တော်​မူ​၍​ငါ့​အား ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၏။

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​တန်​ခိုး​ကို ယုံ​ကြည်​ကိုး​စား​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။

ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက်​တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။

ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက် တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။

အ​ချင်း​လူ​တို့​ဘု​ရား​သ​ခင်​အား​အ​စဉ် အ​မြဲ ကိုး​စား​ကြ​လော့။ သင်​တို့​၏​ဒုက္ခ​အ​ပေါင်း​ကို​ကိုယ်​တော်​အား ဖော်​ပြ​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​စီး​နှိပ်​စက်​ခြင်း ခံ​ရ​သူ​တို့​၏​ခို​လှုံ​ရာ၊ ဆင်း​ရဲ​ဒုက္ခ​ရောက်​ချိန်​များ​၌​ဘေး​လွတ်​လုံ​ခြုံ​ရာ ဖြစ်​တော်​မူ​၏။

လူ​မျိုး​တ​ကာ​တို့​ကို​ဆုံး​မ​သော​အ​ရှင်​သည် သူ​တို့​အား​အ​ပြစ်​ပေး​တော်​မူ​မည်​မ​ဟုတ် ပါ​လော။ လူ​အ​ပေါင်း​တို့​ကို​အ​သိ​ပ​ညာ​သွန်​သင်​သော အ​ရှင်​သည်​အ​သိ​ပ​ညာ​ရှိ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။

သို့​မှ​သာ​သင်​တို့​သည်​အ​ကြံ​အောင်​၍ ခိုင်​ခံ့ သော​ရဲ​တိုက်​တွင်​နေ​ထိုင်​ရ​ဘိ​သ​ကဲ့​သို့ ဘေး​မဲ့​လုံ​ခြုံ​ကြ​လိမ့်​မည်။ စား​သောက်​စ​ရာ အ​စာ​ရေ​စာ​များ​ကို​လည်း​ရ​ရှိ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ