ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်လျက် သောကရောက်သောအခါကိုယ်တော်ရှင် သည် ကျွန်တော်မျိုးအားစိတ်သက်သာခွင့်ကိုပေး၍ ဝမ်းမြောက်စေတော်မူပါ၏။
ကျွန်တော်မျိုးသည်အိမ်နှင့်ဝေးကွာလျက် စိတ်ပျက်အားလျော့လျက်နေသဖြင့် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။ ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါ။
ယင်းသို့အခါတလဲလဲဆင်ခြင်၍ ငါ၏စိတ်ကိုညှိုးငယ်စေပါ၏။
ထာဝရဘုရားသည်ငါ့အဖို့ဖြစ်သဖြင့် ငါသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။