ဆာလံ 94:14Common Language Bibleထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် အမှန်တရားကိုနှစ်သက်တော်မူ၍ မိမိအားသစ္စာစောင့်သည့်လူစုတော်ကို စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတို့အားအစဉ်အမြဲ ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့၏သားမြေးများမူကား ပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
ငါ၏လူမျိုးတော်သည်ရေကိုလို၍ ရှာသောအခါ၌လည်းကောင်း၊ သူတို့သည်ရေငတ်သဖြင့်လည်ချောင်း ခြောက်သည့်အခါ၌လည်းကောင်း ငါထာဝရဘုရားသည်သူတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောငါသည်သူတို့အားအဘယ် အခါ၌မျှ စွန့်ပစ်လိမ့်မည်မဟုတ်။
သို့ရာတွင်ယင်းသို့ဖြစ်စေကာမူသူတို့သည် ရန်သူ၏ပြည်တွင်နေထိုင်ရစဉ် ငါသည်သူတို့ ကိုအပြီးအပိုင်စွန့်ပစ်မည်မဟုတ်။ ဖျက်ဆီး ပစ်မည်လည်းမဟုတ်။ အကယ်၍ငါသည်သင် တို့ကိုအပြီးအပိုင်စွန့်ပစ်ပါမူ ငါနှင့်သူတို့ ပြုသောပဋိညာဉ်သည်ပျက်ပြယ်လိမ့်မည်။ ငါ သည်သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။-
ကိုယ်တော်သည်သင်တို့အားအဘယ်သို့သော အရာကိုမျှော်လင့်ကြစေရန်ခေါ်ယူတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏လူစု တော်အားကတိထားတော်မူသောအံ့သြ ဖွယ်ရာကောင်းချီးမင်္ဂလာများမှာ အဘယ် မျှများပြားသည်ကိုလည်းကောင်း၊ ယုံကြည် သူငါတို့အတွင်း၌လုပ်ဆောင်လျက်ရှိ သောတန်ခိုးတော်သည်အဘယ်မျှကြီး မားသည်ကိုလည်းကောင်း သင်တို့သိမြင် ကြစေရန်သင်တို့၏ဉာဏ်မျက်စိကိုပွင့် လင်းစေတော်မူပါမည့်အကြောင်း ငါသည် ဆုတောင်းပတ္ထနာပြု၏။ ငါတို့အတွင်း ၌လုပ်ဆောင်လျက်ရှိသည့်တန်ခိုးတော် ကား၊-