ဆာလံ 94:11Common Language Bibleထိုသူတို့၏အကြံအစည်များကို ထာဝရဘုရားသိတော်မူ၏။ သူတို့စဉ်းစားဆင်ခြင်မှုများသည် အချည်းနှီးဖြစ်ကြောင်းကိုယ်တော်သိတော် မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့၏အပြုအမူအကျင့်အကြံများကို ငါသိ၏။ ငါသည်နိုင်ငံတကာမှလူတို့ကို စုသိမ်းရန်ကြွလာတော်မူမည်။ ထိုသူတို့သည် စုဝေးမိသောအခါငါ၏ဘုန်းတန်ခိုးတော် မည်မျှတတ်စွမ်းတော်မူကြောင်းကိုမြင်ရ လိမ့်မည်။ မိမိတို့အားအပြစ်ဒဏ်ခတ်သူ မှာငါပင်ဖြစ်ကြောင်းကိုလည်းသိရှိကြ လိမ့်မည်။ သို့ရာတွင်ငါသည်အချို့သောသူ များကိုချမ်းသာပေးမည်။-
လူသည်မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ဘုရားသခင် အားမသိနိုင်စေရန် ကိုယ်တော်သည်ရွှေဉာဏ် တော်ဖြင့်စီမံထားတော်မူ၏။ အချည်းနှီးသော တရားဖြစ်သည်ဟုလူတို့ထင်မှတ်သောငါ တို့ကြေညာသည့်သတင်းကောင်းအားဖြင့် ဘုရားသခင်သည်မိမိကိုယုံကြည်သူတို့ အားကယ်တင်တော်မူရန်စီမံတော်မူပေသည်။-