Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 91:14

Common Language Bible

ဘု​ရား​သ​ခင်​က ``ငါ့​ကို​ချစ်​သော​သူ​တို့​အား​ငါ​ကယ်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ဝန်​ခံ​သော သူ​တို့​အား​ငါ​ကွယ်​ကာ​စောင့်​ရှောက်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ဤ​သို့​ပေး​လှူ​ခဲ့​သည့်​ပစ္စည်း​အ​လုံး​စုံ တို့​အ​ပြင် မိ​မိ​ကိုယ်​ပိုင်​ရွှေ​နှင့်​ငွေ​တို့​ကို​လည်း ပေး​လှူ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​လွန်​စွာ​မြတ် နိုး​သော​ကြောင့်​ဖြစ်​ပေ​သည်။-

ပ​ထ​မ​လ​တစ်​ဆယ့်​နှစ်​ရက်​နေ့​၌ ငါ​တို့​သည် အ​ဟာ​ဝ​တူး​မြောင်း​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ထွက်​ခွာ​လာ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ငါ​တို့​အား ရန်​သူ့​ဘေး​မှ​လည်း​ကောင်း၊ ခြုံ​ခို​တိုက်​ခိုက် မှု​မှ​လည်း​ကောင်း​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​၏။-

ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​အား ရန်​သူ​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​သူ​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကို​သိ​ကျွမ်း​သူ​တို့​သည် ကိုယ်​တော်​ရှင်​အား​ယုံ​ကြည်​ကိုး​စား​ကြ​ပါ လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​သူ မှန်​သ​မျှ​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ။

ဇိ​အုန်​မြို့​တော်​တွင်​စိုး​စံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​သီ​ချင်း​ဆို ကြ​လော့။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​ကို လူ​မျိုး​တ​ကာ​တို့​အား​ဖော်​ပြ​ကြ​လော့။

သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သင့်​ကို​ကွယ်​ကာ​သော အ​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​အား သင်​ခို​လှုံ​သော​အ​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း လက်​ခံ​သည်​ဖြစ်​၍

သို့​မှ​သာ​သင်​တို့​သည်​အ​ကြံ​အောင်​၍ ခိုင်​ခံ့ သော​ရဲ​တိုက်​တွင်​နေ​ထိုင်​ရ​ဘိ​သ​ကဲ့​သို့ ဘေး​မဲ့​လုံ​ခြုံ​ကြ​လိမ့်​မည်။ စား​သောက်​စ​ရာ အ​စာ​ရေ​စာ​များ​ကို​လည်း​ရ​ရှိ​ကြ​လိမ့်​မည်။

သို့​ရာ​တွင်​သင့်​အား​ငါ​ထာ​ဝ​ရ​ဘု​ရား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​မည်​ဖြစ်​၍ သင် သည်​မိ​မိ​ကြောက်​လန့်​သည့်​လူ​တို့​၏​လက် တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။-

သ​ခင်​ယေ​ရှု​က ``ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​သွန်​သင်​ချက်​ကို​ခံ​ယူ​လိမ့်​မည်။ သို့​ဖြစ်​၍ ငါ့​ခ​မည်း​တော်​သည်​ထို​သူ​ကို​ချစ်​တော်​မူ လိမ့်​မည်။ ငါ့​ခမည်း​တော်​နှင့်​ငါ​သည်​လည်း​သူ့ ထံ​သို့​လာ​၍​သူ​နှင့်​အ​တူ​ကျိန်း​ဝပ်​မည်။-

အ​ဘယ်​ကြောင့်​ဆို​သော်​ခ​မည်း​တော်​ကိုယ်​တိုင် ပင် သင်​တို့​အား​ချစ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ သင်​တို့​သည်​ငါ့​ကို​ချစ်​၍ ငါ​သည်​ဘု​ရား​သ​ခင် ထံ​တော်​မှ​လာ​ကြောင်း​ကို​လည်း​ယုံ​ကြည်​သ​ဖြင့် ခ​မည်း​တော်​သည်​သင်​တို့​အား​ချစ်​တော်​မူ​၏။-

ထာ​ဝ​ရ​အ​သက်​ဟူ​သည်​တစ်​ဆူ​တည်း​သော ဘု​ရား​ဖြစ်​တော်​မူ​သည့်​ကိုယ်​တော်​ကို​လည်း ကောင်း၊ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​ကို​လည်း​ကောင်း​သိ​ကျွမ်း​ခြင်း​ပင်​ဖြစ် ပါ​၏။-

ဘု​ရား​သ​ခင်​အား​ချစ်​မြတ်​နိုး​၍​ကိုယ်​တော် ၏​အ​ကြံ​တော်​နှင့်​အ​ညီ ခေါ်​ယူ​ရွေး​ကောက်​ခြင်း ကို​ခံ​ရ​သော​သူ​တို့​တွေ့​ကြုံ​ခံ​စား​ရ​သော အ​မှု​ခပ်​သိမ်း​တို့​မှ အ​ကျိုး​ပေါ်​ထွက်​လာ​စေ ရန်​ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင် တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

ယ​ခု​မှာ​မူ​သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ရှိ လာ​ကြ​လေ​ပြီ။ သင်​တို့​အား​ဘု​ရား​သ​ခင်​သိ​ရှိ တော်​မူ​လေ​ပြီ​ဟု​ငါ​ဆို​သင့်​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​အား​နည်း​၍​သ​နား​စ​ရာ​ကောင်း​သည့်​ဝိ​ညာဉ် များ​ထံ​သို့​အ​ဘယ်​ကြောင့်​ပြန်​လည်​သွား​လို​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​၏​ကျွန်​ပြန်​၍ ဖြစ်​လို​ကြ​သ​နည်း။-

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ကြံ့​ကြံ့​ခံ​နိုင်​သော သူ​သည်​မင်္ဂ​လာ​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​သူ​သည်​ယင်း​သို့​ခံ​နိုင်​သည်​ရှိ​သော် ဘု​ရား သ​ခင်​ကို​ချစ်​သော​သူ​တို့​အား​ကိုယ်​တော်​က​တိ ထား​တော်​မူ​သည့်​အ​သက်​တည်း​ဟူ​သော​ဆု ကို​ရ​ရှိ​မည်​ဖြစ်​သော​ကြောင့်​တည်း။-

ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သူ​များ​ဖြစ်​ကြ စေ​ရန်​ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အ​တွက် က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို​ဆက်​ခံ သူ​များ​ဖြစ်​ကြ​စေ​ရန် ကိုယ်​တော်​သည်​လော​က တွင်​ဆင်း​ရဲ​သူ​တို့​အား​ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ