Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 90:9

Common Language Bible

ကျွန်​တော်​မျိုး​တို့​သည်​အ​မျက်​တော်​ကို​ခံ​ရ သော​ကြောင့် အ​သက်​တို​ကြ​ရ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​အ​သက်​သည်​တီး​တိုး ပြော​သည့် လေ​သံ​ကဲ့​သို့​ပျောက်​ကွယ်​တတ်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​သ​ဖြင့် သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား တတ်​သော ဖွဲ​ကဲ့​သို့​ဖြစ်​ရ​ကြ​ပါ​စေ​သော။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ငို​ယို​သော​အ​ခါ​ကူ​မ​ရန်​ကြွ တော်​မူ​ပါ။ ဘိုး​ဘေး​တို့​ကဲ့​သို့​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏​ဧည့်​သည်​အ​ဖြစ်​နှင့် ခ​ဏ​မျှ​သာ​နေ​ရ​ပါ​၏။

ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​အ​သက်​ကို လွန်​စွာ​တို​စေ​တော်​မူ​ပါ​ပြီ​တ​ကား။ ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ကျွန်​တော်​မျိုး​၏ အ​သက်​တာ​သည်​ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​ပါ​၏။ အ​ကယ်​စင်​စစ်​သက်​ရှိ​လူ​သတ္တ​ဝါ​မည်​သည်​ကား ထွက်​သက်​ဝင်​သက်​တ​မျှ၊

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား ထွက်​သက်​ဝင်​သက်​တ​မျှ​တစ်​ခ​ဏ​ချင်း​၌ အ​သက်​ဆုံး​ရှုံး​စေ​တော်​မူ​၏။ သူ​တို့​၏​ဘ​ဝ​ကို​ရုတ်​တ​ရက်​ကျ​ရောက်​သည့် ဘေး​အန္တ​ရာယ်​ကြောင့်​နိ​ဂုံး​ချုပ်​စေ​တော်​မူ​၏။

ကိုယ်​တော်​ရှင်​၏​အ​ဖို့​အ​နှစ်​တစ်​ထောင်​သည် တစ်​နေ့​ကဲ့​သို့​ဖြစ်​ပါ​၏။ ကုန်​လွန်​ပြီး​သည့်​ယ​မန်​နေ့​ကဲ့​သို့​လည်း​ကောင်း၊ တို​တောင်း​သော​ညဥ့်​ယံ​တစ်​ယံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ