Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 90:11

Common Language Bible

အ​ဘယ်​သူ​သည်​ကိုယ်​တော်​ရှင်​၏​အ​မျက်​တော် အ​ရှိန် အ​ပြည့်​အ​ဝ​ကို​ခံ​ဖူး​ပါ​သနည်း။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​သည်​မည်​မျှ ကြောက်​လန့်​ဖွယ်​ကောင်း​ကြောင်း​ကို အ​ဘယ်​သူ​သည်​သိ​ရှိ​ပါ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​အား​လူ​အ​ပေါင်း​တို့​သည် ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ရှေ့​တော်​တွင် ရပ်​တည်​နိုင်​ပါ​မည်​နည်း။

အ​ပြစ်​ကူး​လွန်​သည့်​ဇိ​အုန်​မြို့​သူ​မြို့​သား တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​၍​နေ​ကြ​၏။ သူ တို့​က``ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော် မူ​ချက်​သည် ထာ​ဝ​စဉ်​တောက်​လောင်​နေ​သော မီး​နှင့်​တူ​၏။ ဤ​သို့​သော​မီး​မှ​ငါ​တို့​လွတ် မြောက်​၍​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ကြ ပါ​မည်​လော'' ဟု​ဆို​ကြ​၏။-

``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ​ရ လျက်​နှင့် ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​ထိန်း​ဘဲ နေ​သေး​လျှင် ငါ​သည်​သင်​တို့​အား​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-

``သင်​တို့​သည်​ငါ့​ကို​အာ​ခံ​၍ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင် ငါ​သည်​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​ထပ်​မံ​တိုး​၍​ခံ​စေ​မည်။-

ငါ​သည်​သင်​တို့​တစ်​ဘက်​၌​နေ​၍​အ​ပြစ်​ဒဏ် ကို ယ​ခင်​က​ထက်​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-

ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​တစ်​ဘက်​၌​နေ လျက် အ​ပြစ်​ဒဏ်​ကို​ယ​ခင်​က​ထက်​ခု​နစ်​ဆ တိုး​၍​ခံ​စေ​မည်။-

ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​၏​ကြောက်​မက်​ဖွယ်​ရာ​အ​မျက်​တော် အ​ရှိန်​ကို​အ​ဘယ်​သူ​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​မီး​လျှံ​ထ​သော​အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ ရှေ့​တော်​၌​ကျောက်​တို့​သည်​ကြေ​မွ​ကာ အ​မှုန့်​ဖြစ်​၍​သွား​ကုန်​၏။

သင်​တို့​ကြောက်​သင့်​သူ​ကို​ငါ​ဖော်​ပြ​မည်။ ကိုယ် ခန္ဓာ​ကို​သတ်​ပြီး​နောက်​သင်​တို့​အား​င​ရဲ​သို့ ချ​နိုင်​သူ​ဘု​ရား​သ​ခင်​ကို​ကြောက်​ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား​ထို​အ​ရှင်​ကို ကြောက်​ကြ​လော့။

ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သ​ခင်​ဘု​ရား​အား ကြောက်​ရွံ့​ရ​ကြောင်း​ကို​သိ​သ​ဖြင့် လူ​တို့​အား တိုက်​တွန်း​နှိုး​ဆော်​၏။ ငါ​တို့​၏​အ​ကြောင်း​ကို ဘု​ရား​သ​ခင်​အ​ကြွင်း​မဲ့​သိ​တော်​မူ​၏။ သင် တို့​သည်​လည်း​စိတ်​နှ​လုံး​ထဲ​က​ငါ့​အ​ကြောင်း ကို​လည်း ကောင်း​စွာ​သိ​ကြ​လိမ့်​မည်​ဟု​ငါ မျှော်​လင့်​၏။-

ကိုယ်​တော်​သည်​သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​တို့​၌ ကု​သ​၍​မ​ရ​နိုင်​သော​ရော​ဂါ ဆိုး​များ​နှင့်​ကြောက်​မက်​ဖွယ်​ကောင်း​သော ကပ်​ရော​ဂါ​များ​ကျ​ရောက်​စေ​တော်​မူ​မည်။-

ထို​အရှင်​တို့​၏​အ​မျက်​တော်​သင့်​မည့်​နေ့​ရက် ကာ​လ​ကျ​ရောက်​လာ​လေ​ပြီ။ ထို​အ​မျက်​တော် ကို​အ​ဘယ်​သူ​သည်​ရပ်​ခံ​နိုင်​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ