ဆာလံ 9:12Common Language Bibleထာဝရဘုရားသည်ဒုက္ခရောက်သောသူတို့ကို သတိရတော်မူ၏။ သူတို့၏အော်ဟစ်သံကိုမေ့တော်မမူ။ သူတို့အားမတရားပြုသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။