Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 89:6

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​တွင်​ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ တူ​ပါ​သ​နည်း။ အ​ဘယ်​ကောင်း​ကင်​သား​သည်​ကိုယ်​တော်​ကို တု​ပြိုင်​နိုင်​ပါ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် နှိုင်း​ယှဉ်​နိုင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​တွင်​စံ​နေ တော်​မူ​၏။

အို ကောင်း​ကင်​သား​တို့၊​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။

ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် များ​စွာ​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​နှင့်​နှိုင်း​ယှဉ်​နိုင်​သူ​တစ်​ယောက် မျှ​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​အ​တွက် ကြံ​စည်​သော​အ​ကြံ​အ​စည်​တော်​တို့​သည် အံ့​သြ​ဖွယ်​ဖြစ်​ပါ​၏။ ထို​အ​မှု​အ​ရာ​တို့​သည်​များ​ပြား​လှ​သ​ဖြင့် ယင်း​တို့​ကို​မ​ရေ​မ​တွက်​နိုင်​ပါ။

တန်​ခိုး​ကြီး​သော​အ​ချင်း​လူ၊အ​ဘယ်​ကြောင့် မိ​မိ​၏​ဆိုး​ညစ်​မှု​ကို​ကြွား​ဝါ​သ​နည်း။ ဘု​ရား​သ​ခင်​၏​သစ္စာ​တော်​သည်​အ​စဉ်​အ​မြဲ​တည်​၏။

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​တ​ရား​မျှ​တ​မှု​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​ရောက်​ရှိ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကြီး​မြတ်​သည့်​အ​မှု​အ​ရာ​များ​ကို​ပြု​တော် မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ။

ကျွန်​တော်​မျိုး​မှာ​ကိုယ်​တော်​ရှင်​မှ​လွဲ​၍ ကောင်း​ကင်​ဘုံ​တွင်​အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​ရှိ​တော်​မူ​လျှင် ကမ္ဘာ​မြေ​ပေါ်​၌​အ​ဘယ်​အ​ရာ​ကို​လို​ပါ​တော့ မည်​နည်း။

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​ကဲ့​သို့​သော​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​ကဲ့​သို့ အ​ဘယ်​ဘု​ရား​မျှ​မ​ပြု​ခဲ့​ပါ။

အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ကဲ့​သို့​တန်​ခိုး​ကြီး​မား​သူ မ​ရှိ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ခပ်​သိမ်း​သော​အ​မှု​တို့​တွင် သစ္စာ​ရှိ​တော်​မူ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​နှင့်​တူ​သော အ​ဘယ်​ဘု​ရား​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​သန့်​ရှင်း​မြင့်​မြတ်​ဘုန်း ကြီး​သော ဘု​ရား​အ​ဘယ်​မှာ​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​နိုင်​သော​ဘု​ရား အ​ဘယ်​မှာ​ရှိ​အံ့​နည်း။

အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​နှင့်​တူ​သော ဘု​ရား တစ်​ဆူ​မျှ​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​သည်​တန်​ခိုး​ကြီး​တော်​မူ​ပါ​၏။ နာ​မ​တော်​သည်​လည်း​ကြီး​မြတ်​၍​တန်​ခိုး အာ​နု​ဘော်​နှင့် ပြည့်​ဝ​ပါ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ