Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 89:51

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​ဘု​ရင်​ကို ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​စော်​ကား​ကြ ပါ​သည်​တ​ကား။ သူ​တို့​သည်​သူ့​အား​သွား​လေ​ရာ​ရာ​တွင် စော်​ကား​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ထူး​တော်​မူ​၍ ငါ့​ကို​ကယ်​တော်​မူ​လိမ့်​မည်။ ငါ့​ကို​ညှဉ်း​ဆဲ​နှိပ်​စက်​သူ​တို့​အား​နှိမ်​နင်း တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ တော်​နှင့် သစ္စာ​တော်​ကို​ငါ့​အား​ပြ​တော်​မူ​လိမ့်​မည်။

ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​ညီ​အစ်​ကို​တို့​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​ကဲ့​သို့​လည်း​ကောင်း၊ မိ​သား​စု​တွင်​လည်း​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၍​နေ​ပါ​၏။

အို ဘု​ရား​သ​ခင်၊ ရန်​သူ​များ​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ကိုယ်​တော်​ရှင်​အား​ပြောင်​လှောင်​လျက် နေ​ကြ​ပါ​မည်​နည်း။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို အ​စဉ်​အ​မြဲ စော်​ကား​ကြ​ပါ​မည်​လော။

အို အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​အ​တိတ် ကာ​လ​က အ​ကျွန်ုပ်​တို့​အား​ကာ​ကွယ်​စောင့် ရှောက်​တော်​မူ​ခဲ့​ပါ​၏။ သို့​ဖြစ်​၍​ယေ​ရု​ရှ​လင် မြို့​ကို​ဆက်​လက်​၍ အ​မျက်​ဒေါ​သ​ထွက်​တော် မ​မူ​ပါ​နှင့်။ ထို​မြို့​သည်​ကိုယ်​တော်​၏​မြို့​တော်၊ ကိုယ်​တော်​၏​သန့်​ရှင်း​သော​တောင်​တော်​ဖြစ် ပါ​၏။ အ​ကျွန်ု​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ နှင့်​ဘိုး​ဘေး​တို့​ပြု​ခဲ့​သည့်​မ​ကောင်း​မှု​များ ကြောင့် အိမ်​နီး​ချင်း​တိုင်း​ပြည်​များ​ရှိ​လူ အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ကိုယ် တော်​၏​လူ​မျိုး​တော်​အား​အ​ထင်​အ​မြင် သေး​ကြ​ပါ​၏။-

ဤ​သို့​ပြော​ဆို​သည်​ကို​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ သော​အ​ခါ ``ဤ​သူ​သည်​နတ်​မိစ္ဆာ​ဘု​ရင်​ဗေ​လ ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ် သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။

``ဤ​သူ​က `ငါ​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​ဆောက်​နိုင်​သည်' ဟု​ပြော​ဆို​ပါ​သည်'' ဟူ​၍​သက်​သေ​ခံ​ကြ​၏။

သူ​တို့​က ``သင်​သည်​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း၊ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း​ငါ​တို့​စွပ်​စွဲ​သည်​မှာ မ​မှန်​ပါ​လော'' ဟု​ဆို​ကြ​၏။

တ​မန်​တော်​တို့​သည်​မိ​မိ​တို့​အား​သ​ခင်​ယေ​ရှု အ​တွက် အ​သ​ရေ​ပျက်​ခြင်း​ကို​ခံ​ထိုက်​သူ​များ အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​မှတ်​တော်​မူ​သော​ကြောင့် ဝမ်း​မြောက်​စွာ​ယု​ဒ​တ​ရား​လွှတ်​တော်​မှ​ထွက် သွား​ကြ​၏။-

သင်​တို့​သည်​တစ်​ခါ​တစ်​ရံ​လူ​တို့​ရှေ့​တွင် ကဲ့​ရဲ့ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ကြ​ရ​၏။ တစ်​ခါ​တစ်​ရံ အ​ခြား​သူ​တို့​ကဲ့​ရဲ့​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​၌ သင်​တို့​လည်း​ပါ​ဝင်​ကဲ့​ရဲ့​ညှဉ်း​ဆဲ ခြင်း​ခံ​ရန်​အ​သင့်​ရှိ​ကြ​သည်။-

အ​ချို့​သော​သူ​တို့​သည်​ကဲ့​ရဲ့​ရိုက်​နှက်​ခြင်း​ကို ခံ​ကြ​ရ​၏။ အ​ချို့​သူ​တို့​သည်​ကား​သံ​ကြိုး​ဖြင့် ချည်​နှောင်​ကာ​အ​ကျဉ်း​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။-

သို့​ရာ​တွင်​သိမ်​မွေ့​ရို​သေ​စွာ​ဖြေ​ကြား​ကြ​လော့။ သင်​တို့​အား​မ​တ​ရား​ဝေ​ဖန်​၍​စော်​ကား​ပြော​ဆို သူ​တို့​သည် ခ​ရစ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သင်​တို့​ပြု​မူ​ပုံ​ကောင်း​မွန်​သင့်​မြတ်​သည်​ကို​မြင် ၍​အ​ရှက်​ရ​ကြ​စေ​ရန် သင်​တို့​၏​သြ​တ္တပ္ပ​စိတ် ကို​ကြည်​လင်​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ