Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 89:42

Common Language Bible

ကိုယ်​တော်​ရှင်​သည်​သူ​၏​ရန်​သူ​တို့​အား​အောင်​ပွဲ​ကို ခံ​စေ​တော်​မူ​ပါ​ပြီ။ သူ​တို့​အား​လုံး​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စေ​တော် မူ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ဒုက္ခ​ခံ​ရ​ပါ​မည်​နည်း။ အ​ဘယ်​ကာ​လ​တိုင်​အောင်​နေ့​ရော​ည​ပါ ဝမ်း​နည်း​ကြေ​ကွဲ​လျက်​နေ​ရ​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည် အ​ဘယ်​ကာ​လ​တိုင်​အောင်​ကျွန်​တော်​မျိုး​အ​ပေါ်​တွင် အ​နိုင်​ရ​ကြ​ပါ​မည်​နည်း။

ထို​အ​ပင်​ကို​တော​ဝက်​များ​သည်​ကျော်​နင်း ကြ​၍ တော​တိ​ရစ္ဆာန်​များ​သည်​ကိုက်​စား​ကြ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​တိုင်း​ပြည်​ကို အိမ်​နီး​ချင်း​နိုင်​ငံ​တို့​၏​စစ်​မြေ​ပြင် ဖြစ်​စေ​တော်​မူ​ပါ​၏။ ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား စော်​ကား​ကြ​ပါ​၏။

နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ ကြုံး​ဝါး​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ပြု​တော် မူ​လေ​ပြီ။ ကိုယ်​တော်​သည်​ရှေး​ကာ​လ သ​တိ​ပေး​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ငါ​တို့​အား သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​သုတ်​သင်​ဖျက်​ဆီး တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​ငါ​တို့​ရန်​သူ​များ​အား အောင်​ပွဲ​ကို​ပေး​တော်​မူ​၍ ငါ​တို့​ပြို​လဲ​မှု​အ​တွက်​ဝမ်း​မြောက်​စေ​တော်​မူ​ပါ​၏။

ငါ​သည်​သင်​တို့​တစ်​ဘက်​၌​ရှိ​သ​ဖြင့် သင်​တို့ သည်​စစ်​ရှုံး​၍​ရန်​သူ​၏​အုပ်​စိုး​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ သင်​တို့​သည်​အ​လွန်​ထိတ်​လန့်​သ​ဖြင့် လိုက်​သူ​မ​ရှိ​ဘဲ​နှင့်​ပြေး​ရ​ကြ​လိမ့်​မည်။

သင်​တို့​သည်​ငါ​၏​ပ​ဋိ​ညာဉ်​ကို​ဖောက်​ဖျက် သည့်​အ​တွက် သင်​တို့​အား​စစ်​ဘေး​စစ်​ဒဏ်​သင့် စေ​မည်။ ထို​အ​ခါ​သင်​တို့​သည်​မြို့​များ​သို့​ပြေး ၍​ခို​လှုံ​ကြ​လျှင် ငါ​သည်​သင်​တို့​တွင်​ကု​သ​၍ မ​ရ​နိုင်​သော​ရော​ဂါ​ကပ်​ဆိုက်​ရောက်​စေ​သ​ဖြင့် သင်​တို့​သည်​ရန်​သူ​တို့​လက်​တွင်း​သို့​ကျ​ရောက် လိမ့်​မည်။-

ဧ​ကန်​အ​မှန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့​သည်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။ လော​က​သား​တို့​မူ​ကား​ဝမ်း​မြောက်​ကြ​လိမ့် မည်။ သင်​တို့​သည်​ဝမ်း​နည်း​ကြ​သော်​လည်း​ထို ဝမ်း​နည်း​ခြင်း​သည် ဝမ်း​မြောက်​ခြင်း​အ​ဖြစ် သို့​ပြောင်း​လဲ​သွား​လိမ့်​မည်။-

``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ များ​အား​အောင်​ပွဲ​ခံ​စေ​မည်။ သင်​တို့​သည် ရန်​သူ​အား​လမ်း​တစ်​လမ်း​တည်း​ဖြင့်​တိုက် ခိုက်​ကြ​လျက် စစ်​ရှုံး​သ​ဖြင့်​လမ်း​အ​သွယ် သွယ်​ဖြင့်​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-

``သင်​တို့​ပြည်​တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​တို့​သည် ဂုဏ်​အ​သ​ရေ​တိုး​မြင့်​သည်​ထက် တိုး​မြင့်​၍ သင်​တို့​မှာ​မူ​ကား​ဂုဏ်​အ​သ​ရေ ကျ​ဆင်း​လာ​လိမ့်​မည်။-

ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​ပ​ရော​ဖက်​နှစ်​ပါး သေ​သည့်​အ​တွက် အား​ရ​ဝမ်း​မြောက်​လျက် အ​ချင်း​ချင်း​လက်​ဆောင်​ပဏ္ဏာ​များ​ပေး​ကာ အောင်​ပွဲ​ခံ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ထို​ပ​ရော​ဖက်​နှစ်​ပါး​သည် ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​များ​စွာ​ဒုက္ခ​ရောက်​စေ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ